အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အားလပ်ရက်တွေမှာ မိသားစုတွေနဲ့အတူတူ မုန့်လေးတွေ လုပ်စားရတာဝါသနာပါတဲ့သူတွေအတွက် ဝက်သားဖက်ထုပ်ပေါင်း ပြုလုပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

  • ဝက်သား ၄၀၀ ဂရမ်
  • ပဲငံပြာရည် အပျစ် ၂၅ မီလီလီတာ
  • ပဲငံပြာရည် အကျဲ ၂၅ မီလီလီတာ
  • ပဲငံပြာရည် အမဲ ၂၅ မီလီလီတာ

  • ဆား အနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဂျင်းအနည်းငယ် (တောက်တောက်စဉ်းပါ)
  • နှမ်းဆီ အနည်းငယ်
  • ကြက်သွန်မြိတ်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ဝက်သားကို အတုံးသေးသေးလေးတွေ လှီးလိုက်ပါ။

အဲဒီနောက် ပဲငံပြာရည် အပျစ် ၂၅ မီလီလီတာ၊ ပဲငံပြာရည် အကျဲ ၂၅ မီလီလီတာ၊ ပဲငံပြာရည် အမဲ ၂၅ မီလီလီတာ ဆား အနည်းငယ်၊ ငရုတ်ကောင်းမှုန့်၊  အနည်းငယ် ဂျင်းအနည်းငယ် (တောက်တောက်စဉ်းပါ) နှမ်းဆီ အနည်းငယ် တို့ကို ဝက်သားနဲ့ နယ်ပေးလိုက်ပါ။

ကြက်သွန်မြိတ်ကို လှီးလိုက်ပါ။

ဂျုံမှုန့်၊ ရေနွေး၊ ပွဆေး အနည်းငယ်တို့ကို အတူတူဖျော်လိုက်ပြီး တဆေးအနည်းငယ်ထည့်ကာ သေချာနယ်ပေးလိုက်ပါ။

ဂျုံရလာပြီဆိုရင်တော့ အလုံးလေးလုံး၊ အပိုင်းလေးတွေပိုင်းလိုက်ပြီး အပြားဖြစ်အောင် ဖိပေးလိုက်ပါ။

အထဲကနေ ကြက်သွန်မြိတ် နဲ့ တခြားပါဝင်ပစ္စည်းတွေကို ထည့်ပြီး လုံးပေးလိုက်ပါ။

ဆီထည့်လိုက်ပြီး အပူပေးလိုက်ပါ။ အဲဒီနောက် ဖက်ထုပ်ကို ထည့်ကြော်လိုက်ပါ။ အနည်းငယ်ညိုလာပြီဆိုရင် ဂျုံမှုန့်နဲ့ ရေနည်းနည်းရောထားတာကို အပေါ်ကနေ အနည်းငယ် လောင်းထည့်လိုက်ပြီး အုပ်ထားပေးလိုက်ပါ။

တစ်ဖက်ရရင် နောက်တစ်ဖက်ကိုလှန်ပေးလိုက်ပြီး ဆီလေးနည်းနည်းထည့်ကာ နည်းနည်းကြွပ်ကြွပ်လေး ကြော်ပေးလိုက်ပါ။

ဒါဆို သုံးဆောင်လို့ရပါပြီနော်။

Source: www.yumofchina.com

By: MyFood Myanmar