အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ပဲသီးအတောင့်အရှည်နဲ့ ဝက်သားကြော်ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- ဝက်သာတောက်တောက်စဉ်း ၅ ကျပ်သား
- ဆီ
- ကော်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဂျင်းတောက်တောက်စဉ်းအနည်းငယ်
- ကြက်သွန်ဖြူ ၅ မွှာ တောက်တောက်စဉ်း
- ငရုတ်ပွသီး အနီနဲ့ အစိမ်း တစ်ခြမ်းဆီ
- ငရုတ်သီးအစပ်သီး အနည်းငယ် (ပါးပါးလှီးပါ)
- ပဲတောင့်ရှည် (ပြုတ်) ၁ စည်း
- သကြား အနည်းငယ်
- ဆားအနည်းငယ်
- ငရုတ်ကောင်းမှုန့်အနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး ဝက်သားကို ဆီ၊ ကော်မှုန့်၊ ပဲငံပြာရည်၊ ဝိုင်တို့နဲ့နယ်ပေးလိုက်ပါ။ ဆီအနည်းငယ်ကို အိုးထဲထည့်လိုက်ပြီး ဝက်သားထည့်ကြော်လိုက်ပါ။ ဂျင်းထည့်ပြီးမွှေပေးပါ။
ပြီးရင်တော့ ကြက်သွန်ထည့်လိုက်ပါ။
ငရုတ်ပွသီးတွေထည့်လိုက်ပါ။
ငရုတ်ပွသီးတွေနူးလာရင် ငရုတ်အစပ်သီးထည့်၊ သကြား၊ ဆား၊ ပဲတောင့်ရှည်၊ ငရုတ်ကောင်းမှုန့်တို့ကိုထည့်လိုက်ပြီး သေချာမွှေပေးလိုက်ပါ။ အနံ့လေးကလည်း မွှေးလာပြီ ရပြီဆိုရင်တော့ ထမင်းပူပူနဲ့ စားလို့ရပါပြီနော်။
Source: www.thewoksoflife.com
By: MyFood Myanmar