အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ပဲသီးအတောင့်အရှည်နဲ့ ဝက်သားကြော်ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ဝက်သာတောက်တောက်စဉ်း ၅ ကျပ်သား
  • ဆီ
  • ကော်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ဂျင်းတောက်တောက်စဉ်းအနည်းငယ်
  • ကြက်သွန်ဖြူ ၅ မွှာ တောက်တောက်စဉ်း
  • ငရုတ်ပွသီး အနီနဲ့ အစိမ်း တစ်ခြမ်းဆီ
  • ငရုတ်သီးအစပ်သီး အနည်းငယ် (ပါးပါးလှီးပါ)

  • ပဲတောင့်ရှည် (ပြုတ်) ၁ စည်း
  • သကြား အနည်းငယ်
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ဝက်သားကို ဆီ၊ ကော်မှုန့်၊ ပဲငံပြာရည်၊ ဝိုင်တို့နဲ့နယ်ပေးလိုက်ပါ။ ဆီအနည်းငယ်ကို အိုးထဲထည့်လိုက်ပြီး ဝက်သားထည့်ကြော်လိုက်ပါ။ ဂျင်းထည့်ပြီးမွှေပေးပါ။

ပြီးရင်တော့ ကြက်သွန်ထည့်လိုက်ပါ။

ငရုတ်ပွသီးတွေထည့်လိုက်ပါ။

ငရုတ်ပွသီးတွေနူးလာရင် ငရုတ်အစပ်သီးထည့်၊ သကြား၊ ဆား၊ ပဲတောင့်ရှည်၊ ငရုတ်ကောင်းမှုန့်တို့ကိုထည့်လိုက်ပြီး သေချာမွှေပေးလိုက်ပါ။ အနံ့လေးကလည်း မွှေးလာပြီ ရပြီဆိုရင်တော့ ထမင်းပူပူနဲ့ စားလို့ရပါပြီနော်။

Source: www.thewoksoflife.com

By: MyFood Myanmar