အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အာလူးကြိုက်တဲ့သူတွေအတွက် တမျိုးလေး အရသာထူးသွားအောင် အာလူးချိစ်လုံးကြော်လေး ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်နော်။

အစာပြေပဲစားစား၊ ဟင်းနဲ့ပဲစားစား အဆင်ပြေပြီး အားလုံးကို အကြိုက်တွေ့စေမယ်လို့ ယုံကြည်ပါတယ်နော်။ ဘယ်လိုမျိုးလုပ်ရမလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

ပါဝင်ပစ္စည်း

  • အာလူးပြုတ် ၄ လုံး (ထောင်းပါ)
  • ချိစ် တစ်ခွက်
  • ငရုတ်သီး အနည်းငယ် အတုံးသေးသေးလေးလှီးပါ
  • ဂျင်း တစ်စိတ် ကို သေချာ ညှက်အောင်ထောင်းလိုက်ပါ
  • ကြက်သွန်ဖြူ ဥ ၄ မွှာ သေချာထောင်းပါ

  • ငရုတ်သီးမှုန့် အနည်းငယ်
  • နနွင်းမှုန့်၊ နံနံရွက်အနည်းငယ်
  • ပေါင်မုန့် အနည်းငယ်
  • ဆီ
  • ဆားအနည်းငယ်

ပြုလုပ်နည်း

ချိစ်ကို အမှုန့်လေးတွေဖြစ်အောင် ခြစ်လိုက်ပါ။

အာလူးထောင်းကို ငရုတ်သီး၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်၊ နနွင်း၊ နံနံပင်၊ ပေါင်မုန့် အနည်း အနည်းငယ်၊ ဆားတို့နဲ့ သေချာနယ်ပေးလိုက်ပါ။

ပြီးရင်တော့ အာလူးကို ပြားအောင်လုပ်ပြီး ချိစ်ထည့်ပါ။

အဲဒီနောက် သေချာလုံးပေးလိုက်ပါ။

ပြီးရင်တော့ ဆီကို ပူအောင်လုပ်ပြီး အာလူးကို သေချာကြော်ပေးလိုက်ပါ။ ဒါဆိုရပါပြီနော်။

Source: www.tasty-indian-recipes.com

By: MyFood Myanmar