ဆော့စ်ပုလင်းဘူးတွေ ယိုဘူးတွေမှာ အဖုံးဖွင့်လို့မရဘဲ ကြပ်နေတာမျိုးကို လူတိုင်း ကြုံဖူးကြပါလိမ့်မယ်။ ဒီလိုကြုံလာတဲ့အခါမှာ တစ်ကွေ့ကွေ့တော့ စိတ်အနှောင့်အယှက်ဖြစ်ရတတ်ပါတယ်။ ဒါပေမဲ့ စိတ်မညစ်လိုက်ပါနဲ့။ ပုလင်းအဖုံးကို အလွယ်တကူပွင့်သွားအောင် လုပ်နိုင်မယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်။ ထိုနည်းလမ်းတွေကို ဗဟုသုတအနေနဲ့ သိထားမယ်ဆိုရင် တစ်ချိန်ချိန်မှာ သင့်အတွက် အသုံးတည့်လာမှာပါ။
ရာဘာလက်အိတ်ဝတ်ပြီး အဖုံးချွတ်လိုက်ပါ
အရင်ဆုံး ရာဘာလက်အိတ်ကို စွပ်လိုက်ပါ။ ပြီးရင် ပုလင်းအဖုံးကို အသာအယာလေး လှည့်ဖွင့်လိုက်ရုံပါပဲ။ ရာဘာလက်အိတ်က ပုလင်းအဖုံးကို မြဲမြံအောင် ဆုပ်ကိုင်ထားလိုက်ကာ လှည့်ဖွင့်ရတာ လွယ်ကူသွားပါတယ်။
လက်သုတ်ပုဝါ (သို့) သဘက်နဲ့ ဆွဲဖွင့်လိုက်ပါ
လက်သုတ်ပုဝါ (သို့) သဘက်ကို ပုလင်းအဖုံးပေါ် တင်ထားလိုက်ပါ။ ထို့နောက် ပုလင်းကို အသာအယာလှည့်ဖွင့်လိုက်ပါ။ အလွယ်တကူပဲ ပွင့်သွားပါလိမ့်မယ်။
သရေကွင်း အသုံးပြုပါ
သရေကွင်း အကြီးတစ်ပင်ကို ပုလင်းအဖုံးပေါ်မှာ ပုံမှာပြထားတဲ့အတိုင်း ပတ်ထားလိုက်ပါ။ ထို့နောက် ပုလင်းအဖုံးကို လှည့်လိုက်ပါ။
ကွန်ပျူတာရဲ့ မောက်စ်ခံတဲ့ အောက်ခံပြား အသုံးပြုပါ
မောက်စ်အောက်ခံပြားကို သင့် မီးဖိုချောင်အတွက် အသုံးဝင်တယ်ဆိုတာကို အံ့သြသွားပါသလား။ မအံ့သြလိုက်ပါနဲ့။ ထိုအောက်ခံပြားကို ပုလင်းအဖုံးပေါ်တင်ပြီး အသာအယာလှည့်ဖွင့်လိုက်ရုံပါပဲ။
တိပ်အသုံးပြုပါ
ဒီတစ်ခါမှာလည်း စာရေးကိရိယာလေးတွေက သင့် မီးဖိုချောင်အတွက် အသုံးဝင်သွားပြန်ပါပြီ။ တိပ်အပြားအကြီးကို ပုံမှာ ပြထားတဲ့အတိုင်း တစ်ဝက်တိတိကပ်လိုက်ပါ။ ကျန်တဲ့ တိပ်တစ်ဝက်ကို မိမိဘက်သို့ ဆွဲယူလိုက်မယ်ဆိုရင် ဖန်ပုလင်းအဖုံးက သူ့အလိုလို ပွင့်သွားပါလိမ့်မယ်။
ရေနွေးပူနဲ့ ဖွင့်ပါ
ပုလင်းကို အနည်းငယ်စောင်းထားပြီး ရေနွေးပူအောက်တည့်တည့်မှာ ပုလင်းအဖုံးကို စက္ကန့် (၃၀) ခန့် ခံထားလိုက်ပါ။ ရေနွေးရဲ့ အပူက ပုလင်းအဖုံးကို ပြန့်ကားသွားစေတာကြောင့် အဖုံးကို အနည်းငယ်လှည့်လိုက်တာနဲ့ အလွယ်တကူပွင့်သွားမှာပဲဖြစ်ပါတယ်။
ပုလင်းအဖုံးကို ဇွန်းတစ်ချောင်းနဲ့ ခေါက်ပါ
တစ်ခါတရံမှာ အစားအစာတွေက ဖန်ပုလင်းအဖုံးနဲ့ ပုလင်းကြားထဲမှာ ညှပ်နေတတ်ပါတယ်။ အဲ့ဒီအခါမှာ ဇွန်းအကြီးတစ်ချောင်းကို ပုလင်းကို ခေါက်ပေးလိုက်ပါ။ ပုလင်းကြားထဲညှပ်နေတဲ့ အစားအစာတွေက ပုလင်းထဲသို့ ကျသွားပါလိမ့်မယ်။ ဒါဆိုရင်တော့ ပုလင်းအဖုံးကို အလွယ်တကူဖွင့်လို့ရသွားပါပြီ။
Source: onegoodthingbyjillee.com