အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကြက်ဥကို ခါတိုင်းစားနေကျနဲ့ မတူဘဲ ကြက်ဥ ရေညှိလိပ်လေး လုပ်စားလို့ရအောင် မျှဝေပေးသွားမှာဖြစ်ပါတယ်။

ရိုးရှင်းပြီး လုပ်ရတာလည်း သိပ်မခက်သလို ပါဝင်ပစ္စည်းတွေလည်း အများကြီးမဟုတ်တော့ လူတိုင်း လုပ်စားလို့ အဆင်ပြေမှာပါ။

ပါဝင်ပစ္စည်း

  • ကြက်ဥ ၃ လုံး
  • ရေညှိခြောက် ၁ ချပ်
  • ဆားအနည်းငယ်
  • ဆီ

ပြုလုပ်နည်း

ကြက်ဥကို ခလောက်ပြီး ဆားနဲ့ သေချာလေး မွေပေးလိုက်ပါ။

ပြီးရင် Pan အိုးထဲကို ဆီ အနည်းငယ်ထည့်ပြီး တစ်ရှုးနဲ့ Pan အိုးတစ်ခုလုံးကို ဆီပြန့်အောင်လုပ်လိုက်ပါ။ မီအပူပေးပြီး ရပြီဆိုရင် ကြက်ဥထည့်လိုက်ပါ။

အဲဒီနောက် ရေညှိထည့်ပေးလိုက်ပါ။

ပြီးရင် ကြက်ဥကို လိပ်ပေးလိုက်ပါ။ နောက်တစ်ဖက်ကနေ ထပ်လိပ်ပေးလိုက်ပါ။

ရပြီဆိုရင် ကြက်ဥကို အတုံးလေးတွေလှီးပြီး သုံးဆောင်နိုင်ပါပြီ။

Source: www.koreanbapsang.com

By : MyFood Myanmar