ပင်လယ်စာ (Seafood) ဆိုတာ ကမ်းခြေသွားမှ အ၀စားလို့ရတဲ့ အစားအစာ မဟုတ်တော့ပါဘူး။ ရန်ကုန်မြို့ပေါ်မှာတင် ဈေးနှုန်းသင့်တင့်တဲ့ ပင်လယ်စာကို စားလို့ရနေပါပြီ။

Meliá ဟိုတယ်မှာရှိတဲ့ The Market စားသောက်ဆိုင်မှာ သောကြာနေ့တိုင်းကို “Seafood Night Buffet” ဆိုတဲ့ အစီစဉ်လေးလုပ်နေပါတယ်။ ပင်လယ်စာအမျိုးမျိုးကို ဥရောပ နဲ့ အရှေ့တိုင်း ချက်နည်းတွေနဲ့ ချက်ပြုတ်ထားတဲ့ Buffet ၀န်ဆောင်မှုတစ်ခုပါ။

3

Buffet ဆိုပြီး သာမန် ဈေးသက်သာတဲ့ ပင်လယ်စာတွေကိုဘဲ ခင်းကျင်းထားတာမဟုတ်ဘဲ ကျောက်ပုစွန်တွေ၊ Salmon ငါးတွေ၊ ကင်း ပုစွန်တွေကို တ၀ကြီး သုံးဆောင်လို့ရပါတယ်။

ကျောက်ပုစွန်၊ ဆယ်မွန်ငါးတွေနဲ့ ကင်းပုစွန်တွေ အ၀စားရတာနဲ့တင် “Seafood Night Buffet” က တန်နေပါပြီနော်။ အဲဒီဆိုင်လေးကိုရောက်တော့ စာရေးသူ အစားပုပ်လေးက ပေးရတာနဲ့တန်အောင် တ၀ကြီးစားခဲ့ပါတယ်။ ကိုယ်စားခဲ့တဲ့ အစားအစာလေးအကြောင်း နည်းနည်းလောက် ပြန်ရှယ်လိုက်မယ်နော်။

ပြင်သစ် စတိုင် ကျောက်ပုစွန် ဟင်းချို

ကျောက်ပုစွန်ကတော့ စာရေးသူရဲ့အကြိုက်မို့ ကျောက်ပုစွန်ကင်နဲ့ ဟင်းချိုကို အ၀စားခဲ့ပါတယ်။

ကျောက်ပုစွန် ဟင်းချိုကတော့ ဟင်းချိုထဲကို ကျောက်ပုစွန်ရဲ့ အရသာတွေ ၀င်ပြီး ချိုစိမ့်လေးနဲ့ အရမ်း သောက်လို့ကောင်းပါတယ်။

အရမ်းအရသာရှိလို့ စပ်စုကြည့်တော့ ဟင်းချိုထဲကို ကျောက်ပုစွန်အရသာတွေ ၀င်အောင် ၃ ရက်လောက် ပြုတ်ထားပြီး ရလာတဲ့အရည်ကိုမှ ပြင်သစ်နည်းနဲ့ ပြန်ချက်ထားတာလို့ စာဖိုးမှူးကရှင်းပြပါတယ်။ အဲဒါကြောင့် ကျောက်ပုစွန်တွေက မာမာဆက်ဆက် ပုံစံမဟုတ်တော့ဘဲ နူးနူးအိအိလေးနဲ့ ချိုစိမ့်လေး ဖြစ်နေပါတယ်။

ကျောက်ပုစွန်ကင်

13

ကျောက်ပုစွန်ကင်တွေကတော့ ခဏလေးနဲ့ကုန်ကုန်သွားတတ်လို့ ဆိုင်ကခဏခဏ ဟင်းထပ်ထပ်ဖြည့်ပေးနေရတဲ့ ဟင်းလျာတစ်မျိုးပါဘဲ။ လာစားသုံးသူတွေကလည်း ကျောက်ပုစွန်ကင်နားမှာ တ၀ဲဝဲ တလည်လည်ပါဘဲ။ ဒါပေမယ့် ၀န်ဆောင်မှုကောင်းတာက ကိုယ့်ရှေ့ရောက်လို့ ကျောက်ပုစွန်ကုန်သွားရင်လည်း ပန်းကန်လေး ကိုင်ပြီး ခဏလေး စောင့်နေလိုက်ရုံဘဲ။ ချက်ခြင်းဘဲ နောက်ထပ်ကျောက်ပုစွန် ပန်းကန်ကြီးနဲ့ အပြည့် လာချပေးတာပါ။

Seafood Buffet မှာဘဲ ရနိုင်တဲ့ အစားအစာ

22

တခြားဆိုင်တွေမှာ ဆယ်မွန်ငါးအကောင်ကြီးတွေသာ ချက်လေ့ရှိကြပေမယ့် ဒီဆိုင်လေးမှာတော့ ဆယ်မွန် အကောင်ပေါက်လေးတွေ ရနိုင်ပါတယ်။ ဆယ်မွန်ငါးအကောင်ပေါက်သေးသေးလေးတွေက အကောင်ကြီးတွေထက်စာရင် အရသာ ပိုကောင်းပါတယ်။

IMG_0592

ဆယ်မွန်အကောင်ပေါက်လေးတွေကို ပြင်သစ်နည်းနဲ့ ကင်ပြီး ၀ိုင်နဲ့ ချက်ထားတာတွေနဲ့ တခြား နည်းတွေနဲ့ ချက်ထားတာတွေ စားသုံးလို့ရပါတယ်။

စားရခဲတဲ့ Mole fish ကို ကင်ပြီး Spinach အရွက်နဲ့ပြန်ပြီး ချက်ထားတာကလည်း စားလို့ကောင်းပါတယ်။ ဒီ Mole fish နဲ့ ဆယ်မွန်အကောင်ပေါက် ဟင်းလျာတွေက ရခဲပြီး The Market မှာလည်း “Seafood Buffet” ကျမှ တည်ခင်းတာပါ။

20

အဲ့ဒီအပြင် ဆယ်မွန်ငါးကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်လည်း ဆယ်မွန်နဲ့ပတ်သက်ပြီး အမျိုးမျိုး ချက်ပြုတ်ထားတာတွေလည်း ရှိပါတယ်။

ဂျပန် ပုံစံ Salmon Sashimi စားမလား၊ ပြင်သစ်ပုံစံနဲ့ ချက်ထားတဲ့ ဆယ်မွန်ငါး အကောင်ပေါက်လေးတွေကို စားမလား၊ ဆယ်မွန်ကို နိုင်ငံမျိုးစုံက ချက်နည်းတွေနဲ့ ချက်ထားတဲ့ ဟင်းလျာပေါင်းများစွာကိုလည်း စားကြည့်လို့ရတယ်နော်။

Seafood soup

15

ဆိုင်ကို ၀င်ဝင်ချင်းမှာ အာရှ ဟင်းချက်နည်းစနစ်နဲ့ ချက်ပြုတ်ထားတဲ့ ပင်လယ်စာ ဟင်းချို အတန်းရှိပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ seafood အစိမ်းတွေ၊ ဟင်းသီးဟင်းရွက်တွေကို ရွေးပြီး ပင်လယ်စာ ဟင်းချို ထဲထည့်ပြီး ချက်ခိုင်းလို့ရပါတယ်။

9

အဲ့ဒီအပြင် ဆော့စ်တွေ ဖြစ်တဲ့ Spicy Thai Sauce၊ Lemon Wedges၊ Green Chili စတဲ့ ဆော့စ်ပေါင်း ၁၀ မျိုးနီးပါး ချပေးထားတာကြောင့် ကိုယ်ကြိုက်နှစ်သက်ရာ စားသုံးလို့ရပါတယ်။

ဂျပန်အစားအစာ

2

ဂျပန် ဆူဇီတွေကိုတော့ အစုံအလင်နဲ့ကို စိတ်ကြိုက်ရွေးပြီး စားလို့ရပါတယ်။ ဂျပန် အစားအစာမှာ လူကြိုက်များတဲ့ Salmon Sashimi ကိုလည်း အကောင်လိုက် ပုံစံမပျက် ပါးပါးလေးတွေ လှီးပြီး တင်ထားပါတယ်။

18

19

ဂျပန် ခေါက်ဆွဲအေးလေးကလည်း ချိုချိုအေးအေးလေးနဲ့ ရင်ချောင်စေပါတယ်။ အစာစားတာများလို့ အီလာရင် ဂျပန်ခေါက်ဆွဲအေးလေးတွေကို  side dishes လေးတွေနဲ့ ပေါင်းပြီး စားရင် ရင်ချောင်ပြီး နေရသာ သက်သောင့်သက်သာရှိစေပါတယ်။

ဂုံးမျိုးစုံ

14

ဂုံးတွေ တည်ခင်းထားတဲ့ အတန်းမှာဆိုရင်တော့ ဂုံးအမျိုးအစား စုံစုံလင်လင် ခင်းထားပြီး ကိုယ်ကြိုက်နှစ်သက်ရာကို စားသုံးနိုင်ပါတယ်။

seafood

ဂုံးတွေက အရမ်းကို လတ်ဆတ်တာကြောင့် ဆော့စ်မျိုးစုံနဲ့ အစိမ်းစားလို့လည်းရသလို၊ ဂုံးဟင်းချို၊ ဂုံးသုတ် ၊ ဂုံးကင် စသဖြင့် အမျိုးမျိုး ချက်ပြုတ်ထားပါတယ်။

ပင်လယ်စာများစွာ

8

ပုစွန်ထုပ်၊ ပြည်ကြီးငါး၊ကင်းမွန်၊ ပင်လယ် ကက္ကတစ်၊ ရေဘ၀ဲ၊ ဂဏန်းနဲ့ အစရှိတဲ့ ပင်လယ်စာ ဟင်းလျာတွေကို ကင်တာဘဲဖြစ်ဖြစ်၊ ချက်ထားတာဘဲဖြစ်ဖြစ်၊ သုတ်တာဘဲ ဖြစ်ဖြစ် ကိုယ်စိတ်တိုင်းကျ ကိုယ်စားချင်တာမှန်သမျှ ချက်နည်းမျိုးစုံနဲ့ အရသာ ခံစားလို့ရမှာဖြစ်ပါတယ်။

23

အသားမျိုးစုံ

beet

ပင်လယ်စာ buffet ဆိုပေမယ့် သိုးသား ဓားလှီး၊ ၀က်သား၊ ကြက်သား အစရှိတဲ့ အသားအစုံအလင်၊ အသီးအရွက် အစုံအလင်ကိုလည်း စားလို့ရမှာဖြစ်ပါတယ်။

အိန္ဒိယ အစားအစာ၊ တရုတ်အစားအစာ

IMG_0414

Seafood မစားချင်ဘူး။ အိန္ဒိယ အစားအစာတွေ ဘဲ စားချင်ရင်လည်း ဒန်ပေါက်နဲ့ တခြား အိန္ဒိယ ပုံစံချက်ထားတဲ့ အစားအစာတွေကိုလည်း စားသုံးနိုင်ပါတယ်။

IMG_0415

ဒါမှမဟုတ် တရုတ် အစားအစာ စားချင်တယ်ဆိုရင်လည်း တရုတ်ဟင်းလျာတွေနဲ့ အပေါင်းတွေကိုလည်း စိတ်ကြိုက်ရွေးချယ် စားသုံးလို့ရပါတယ်။

မိသားစုဝင်ထဲမှာ၊ သူငယ်ချင်းတွေထဲမှာ အကြိုက်မတူခဲ့ရင်လည်း တစ်ယောက်နဲ့ တစ်ယောက် ငြင်းခုံစရာမလိုဘဲ “Seafood Night Buffet”မှာတော့ ကိုယ်ကြိုက်တာ စားလို့ရပါတယ်။

အချိုပွဲ

10

အချိုပွဲဆိုရင်လည်း ရေခဲမုန့် ၁၂ မျိုးကို စိတ်ကြိုက် ရွေးချယ် စားသုံးလို့ရပါတယ်။ စာရေးသူကတော့ Raspberry Sorbet ရေခဲမုန့်၊ Avocado ရေခဲမုန့် နှစ်မျိုးကို တစ်ခွက်ထဲထည့်ပြီး စားခဲ့ပါတယ်။ ထောပတ်သီးရဲ့ စိမ့်စိမ့်လေးက Raspberry ရဲ့ ချဉ်ချိုလေးနဲ့ အရမ်းလိုက်ဖက်ပါတယ်။ တချို့ဆို တစ်ခွက်ထဲကို ၃၊ ၄ မျိုး ထည့်စားကြတယ်နော်။ ခွက်ဆန့်သလောက်တာ ကြိုက်သလောက် ရောစပ်ပြီး စားလို့ရပါတယ်။ ကုန်သွားရင်လည်း နောက်တစ်ခွက်ပေါ့။

616

မုန့်အချိုလေးတွေကတော့ အမျိုးမျိုး ရှိပါတယ်။ စာရေးသူကတော့ seafood တွေ အ၀ကြိတ်ထားတာကြောင့် အချိုပွဲအဆင့်ရောက်တဲ့အခါမှာတော့ အလံဖြူပြလို့ နီးနီးဖြစ်နေပါပြီ။ ဒါကြောင့် Passion Fruit Macaroon with Fruit Custard ဆိုတဲ့ အချိုမုန့်လေးကို စားခဲ့ပါတယ်။

4

အသီးလေးတွေကို ညှပ်ထားတဲ့ ကွတ်ကီးလေးတွေက လျှာပေါ်ရောက်တာနဲ့ အရည်ပျော်သွားပြီး အသီးလေးတွေရဲ့ ချဉ်ချဉ်ချိုသပ်သပ်အရသာလေးက ပေါ်ထွက်လာပါတယ်။

ဘီယာ၊ ၀ိုင်နဲ့ တခြား ဖျော်ရည်တွေက free flow နော်

21

ဒီလို စုံလင်လှတဲ့ အစားအစာတွေအပြင် ဘီယာ၊ ၀ိုင်နဲ့ တခြား ဖျော်ရည်ပေါင်းများစွာကိုလည်း ကြိုက်နှစ်သက်သလောက် free flow သောက်နိုင်ပါတယ်။

တကယ်လို့ Nicolas Feuillatte Champagne သောက်ချင်ရင် နောက်ထပ် ၃၅ ဒေါ်လာ ထပ်ပေးရမှာပါ။

Seafood စားရင်း အမှတ်တရ ညလေးတွေ ဖန်တီးမယ်

IMG_0484

The Market Restaurant ကတော့ ခမ်းနားလှတဲ့ Meliá ဟိုတယ်ရဲ့ ဒုတိယထပ်မှာရှိပါတယ်။ တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၄၈ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။

အခုက မိုးရာသီ Promotion ကာလဖြစ်တာကြောင့် ၄ ယောက်စားရင် ၁ ယောက် free ပါ။ ဒ့ါကြောင့် ၄ ယောက်သွားစားရင်တော့ တစ်ယောက်ကို ၃၆ ဒေါ်လာလောက်ဘဲ ကျမှာ ဖြစ်ပါတယ်။

အသက် ၅ နှစ်ကနေ ၁၂ နှစ်အထိ ကလေးတွေကိုတော့ ၅၀ ရာခိုင်နှုန်း discount ပေးမှာဖြစ်ပြီး အသက် ၅ နှစ်အောက်ကတော့ အခမဲ့ ဖြစ်ပါတယ်။

IMG_0583

24

အစားအသောက်တွေ အစုံအလင်နဲ့ အရသာ ကောင်းရုံသာမက အစားအသောက်တွေကို လှလှပပ ပြင်ဆင်ထားတာ၊ ရောင်စုံမီးအလှလေးတွေနဲ့ ခမ်းနားလှတဲ့ “The Market Restaurant” မှာ မိသားစု အမှတ်တရလေးတွေ၊ ချစ်သူ ခင်သူတွေနဲ့ အမှတ်တရ ညလေးတွေ ဖန်တီးနိုင်ဖို့ တစ်ကြိမ်လောက်တော့ လာရောက်သင့်တဲ့အကြောင်း မျှဝေပေးလိုက်ပါတယ်။