ပူပူစပ်စပ်ကိုရီးယားခေါက်ဆွဲဆိုင်အသစ် Seoul Restaurant ကို လာမယ့် တနင်္ဂနွေနေ့တွင် စတင်ဖွင့်လှစ်သွားမှာဖြစ်တာကြောင့် အစားအသောက်ချစ် သူငယ်ချင်းမိတ်ဆွေများကို ဦးစွာသတင်းကောင်းပါးလိုက်ချင်ပါတယ်။ စတင်ဖွင့်လှစ်တဲ့နေ့မှစလို့ သုံးရက်တိုင်တိုင် အအေးကို Free Drink အနေနှင့် တိုက်သွားမှာဖြစ်ပါတယ်။ အဓိက မီနူးမှာ ပူပူစပ်စပ်နှင့် ရှူးရှဲလေးစားနိုင်မည့် ကိုရီးယားခေါက်ဆွဲဖြစ်ပြီး Highlight မှာ အစပ် အဆင့် (၇) ဆင့်ရှိတယ်လို့လည်း ဖော်ပြထားပါသေးတယ်။

Seoul 

Seoul ကိုရီးယားခေါက်ဆွဲဆိုင်ဟာဆိုရင် ကမ္ဘောဒီးယား နှင့် ဗီယက်နမ် တို့မှာ အသီးသီးအောင်မြင်မှုရရှိခဲ့ပြီး ယခုတခါ မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်ခြင်းပင်ဖြစ်ပါတယ်။ ရန်ကုန်တွင် စတင်ဖွင့်လှစ်မည့် ပထမဦးဆုံးသော ကိုရီးယားခေါက်ဆွဲဆိုင်ဟုလည်း ပြောနိုင်ပါတယ်။

ဘယ်လိုခေါက်ဆွဲမျိုးတွေ ရရှိနိုင်သလဲ။

Seoul ကိုရီးယားခေါက်ဆွဲဆိုင်ကနေပြီး ငါးခေါက်ဆွဲ၊ အမဲသားခေါက်ဆွဲ၊ ကြက်သားခေါက်ဆွဲ၊ အမယ်စုံခေါက်ဆွဲ၊ ၀က်နံရိုးခေါက်ဆွဲ၊ ပုဇွန်ခေါက်ဆွဲ၊ ရေဘ၀ဲခေါက်ဆွဲ၊ ပင်လယ်စာခေါက်ဆွဲ ဆိုပြီး အမယ်ပေါင်းရှစ်မျိုးတောင် စုံလင်အောင် ရောင်းချပေးနေလို့ ကြိုက်ရာကို မှာယူသုံးဆောင်နိုင်မှာပါ။

ဒီလို အသီးအရွက်စုံစုံလင်လင်နဲ့ ကိုယ်နှစ်သက်တဲ့ အသားငါးနှင့် ပင်လယ်စာကို တွဲဖက်စားရနော်။ တကယ့်ကိုရီးယားစတိုင်နဲ့ ဆိုတော့ အားလုံးကို လက်မနှေးကြဖို့ တိုက်တွန်းလိုပါတယ်နော်။

အရသာကတော့ အကောင်းတကာ့အကောင်းဆုံး No.1 ပဲ

ပူပူစပ်စပ်နဲ့ လျှာလည်သွားရလောက်တဲ့ အရသာတင်သာမဟုတ်ဘဲ အစပ် အဆင့် (၇) ဆင့်နဲ့ ဖန်တီးထားတာကြောင့် ကိုယ်ခံနိုင်ရည်ရှိလောက်မယ့် အစပ်ပမာဏကိုရွေးချယ်စားသုံးနိုင်မှာပါ။

အဓိကမီနူးဖြစ်တဲ့ ခေါက်ဆွဲပွဲများအတွက် ဖြည့်စွက်ဟင်းလျာအစုံအလင်ရှိသေးသလို ကင်းဘတ်ကိတ်၊ တာကိုယာကီကိတ်တို့ကဲ့သို့ ကိတ်မျိုးစုံ၊ အအေးအစုံအလင်ကိုလည်း ပူးတွဲရရှိနိုင်သေးတယ်နော်။

ဈေးနှုန်းတွေကိုပါ သိချင်နေပြီမလား……? ? ?

အမျိုးအမယ်အလိုက် ဈေးနှုန်းပြောင်းလဲသွားတယ်ဆိုပေမယ့်လည်း သင့်တင့်လျှောက်ပတ်တဲ့ဈေးနှုန်းတွေဖြစ်လို့ မတတ်နိုင်မှာနဲ့ ပိုက်ဆံမလောက်မှာကို စိတ်ပူနေစရာမလိုပါဘူး။ အဓိကရွေးချယ်မှာယူထားတဲ့ ခေါက်ဆွဲပွဲအပြင် အခြားကြိုက်နှစ်သက်သည့် အဆာပလာများ ထပ်ပေါင်းထည့်ရင်တောင် အများကြီးမကျလို့ တန်မှတန်ပဲနော်။

 

ဆိုင်အပြင်အဆင်လေးကရော ဘယ်လိုရှိလဲ???

ကိုရီးယားကစားသောက်ဆိုင်မှာ အမှန်တကယ်သွားစားနေတယ်လို့ ထင်ရလောက်အောင် သပ်သပ်ရပ်ရပ်ပြင်ဆင်ထားတာကို တွေ့မြင်နိုင်မှာနော်။ အစားအသောက်ပဲကိုရီးယားမဟုတ်ဘဲ ဆိုင်အခမ်းအနားကပါ ကိုရီးယားဆန်လွန်းတာကြောင့် တစ်ခါတစ်ခေါက်လောက်တော့ ရောက်အောင်သွားလိုက်နော်။

ဆိုင်ရဲ့တည်နေရာလေးကိုပြောပြမယ်နော်…… ? ? ?

ဆိုင်လိပ်စာလေးအတိအကျလေးကိုပြောရမယ်ဆိုရင် အမှတ် (၉)၊ ဂျိုးဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့ ပဲဖြစ်ပါတယ်။ သမ္မတရုပ်ရှင်ရုံရဲ့ အနီးအနားမှာဖြစ်ပြီး အချက်အချာကြတဲ့ အောင်ဆန်းဘောလုံးကွင်းရဲ့ အရှေ့လေးတွင်ဆိုတော့ ပိုလို့တောင်မှ မျက်စိထဲကွင်းကွင်းကွက်ကွက်မြင်နိုင်မှာပါ။ မြို့ထဲလည်းဖြစ်၊ ကားစီးရတာလည်းလွယ်ကူအဆင်ပြေလွန်းဆိုတော့ အချိန်မရွေးသွားရောက်စားဖို့ အဆင်ပြေဆုံးပေါ့နော်။

အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့ ဖုန်းနံပါတ် ၀၉-၄၄၁၈၆၃၂၃၇ ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

ဒါကြောင့်မို့လို့ အစပ်အဟပ်အပြည့်ရှိတဲ့ ခေါက်ဆွဲပူပူလေးကို သောက်သုံးရင်းနဲ့ ဆောင်းရာသီရဲ့ ချမ်းအေးခြင်းကို အံတုနိုင်စေဖို့ Seoul Restaurant လေးကို အမြန်သွားရောက်ကြပါစို့…..? ? ?