ကြက်ဆာတေးကို ထိုင်းစတိုင်လ်လေး ကင်စားကြည့်ရအောင်။
ပါဝင်ပစ္စည်းများ
Sesame Salad Dressing ¾ cup
အရိုးထုတ်ထားသည့် ကြက်သား ရင်ဘုံ ၅၀၀ ဂရမ် (၁ လက်မ အတုံးလေးတွေ တုံးထားပါ)
Fat Cream Cheese ½ Cup
အုန်းနို့ ¼ Cup
Creamy မြေပဲ ထောပတ် စားပွဲတင်ဇွန်း ၃ ဇွန်း
သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ငရုတ်သီး အမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်
နံနံပင်
ဆီ
ပြုလုပ်နည်း
Salad Dressing ကို လေလုံပိတ်လို့ရတဲ့ ပလပ်စတစ် အိတ်အကြီးထဲထည့်ပါ။ ကြက်သားထည့်ပါ။ အိတ်ကို ပိတ်ပြီး ကြက်သားနဲ့ သမအောင် မွှေလိုက်ပါ။ ရေခဲ သေတ္တာထဲတွင် ၄ နာရီလောက်ထားထားပါ။
နှပ်ထားတာကို ဖယ်လိုက်ပါ။ ကြက်သားကို ဝါးချောင်းလေးတွေနဲ့ ထိုးလိုက်ပါ။ ဟင်းချက်ဆီကို ကြက်သားမှာ သုတ်လိုက်ပါ။
အလယ်အလတ်မီးနဲ့ (မီးသွေးနဲ့ ကင်ရင် ပိုကောင်း) ၁၀ မိနစ်မှ ၁၅ မိနစ်လောက် ကင်လိုက်ပါ။
ခွက်လေး ၁ လုံးထဲတွင် Cream Cheese၊ အုန်းနို့၊ မြေပဲ ထောပတ်၊ သံပုရာရည်၊ ပဲငံပြာရည်၊ ငရုတ်သီး နှင့် နံနံပင်တို့ကို ထည့်ပြီး မွှေလိုက်ပြီး ကြက်သားကင်အတွက် ဆော့အဖြစ်တွဲ စားလို့ရပါတယ်။