ကြက်ဆာတေးကို ထိုင်းစတိုင်လ်လေး ကင်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

Sesame Salad Dressing                        ¾ cup

အရိုးထုတ်ထားသည့် ကြက်သား ရင်ဘုံ         ၅၀၀ ဂရမ် (၁ လက်မ အတုံးလေးတွေ တုံးထားပါ)

Fat Cream Cheese                               ½ Cup

အုန်းနို့                                               ¼ Cup

Creamy မြေပဲ ထောပတ်                         စားပွဲတင်ဇွန်း ၃ ဇွန်း

သံပုရာရည်                                         စားပွဲတင်ဇွန်း ၂ ဇွန်း

ပဲငံပြာရည်                                          စားပွဲတင်ဇွန်း ၁ ဇွန်း

ငရုတ်သီး အမှုန့်                                    လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်

နံနံပင်

ဆီ

ပြုလုပ်နည်း

Salad Dressing ကို လေလုံပိတ်လို့ရတဲ့ ပလပ်စတစ် အိတ်အကြီးထဲထည့်ပါ။ ကြက်သားထည့်ပါ။ အိတ်ကို ပိတ်ပြီး ကြက်သားနဲ့ သမအောင် မွှေလိုက်ပါ။ ရေခဲ သေတ္တာထဲတွင် ၄ နာရီလောက်ထားထားပါ။

နှပ်ထားတာကို ဖယ်လိုက်ပါ။ ကြက်သားကို ဝါးချောင်းလေးတွေနဲ့ ထိုးလိုက်ပါ။ ဟင်းချက်ဆီကို ကြက်သားမှာ သုတ်လိုက်ပါ။

အလယ်အလတ်မီးနဲ့ (မီးသွေးနဲ့ ကင်ရင် ပိုကောင်း) ၁၀ မိနစ်မှ ၁၅ မိနစ်လောက် ကင်လိုက်ပါ။

ခွက်လေး ၁ လုံးထဲတွင် Cream Cheese၊ အုန်းနို့၊ မြေပဲ ထောပတ်၊ သံပုရာရည်၊ ပဲငံပြာရည်၊ ငရုတ်သီး နှင့် နံနံပင်တို့ကို ထည့်ပြီး မွှေလိုက်ပြီး ကြက်သားကင်အတွက် ဆော့အဖြစ်တွဲ စားလို့ရပါတယ်။