ဒီတစ်ခါမှာတော့ ဈေးနှုန်းလည်း သင့်တော်ပြီး မိသားစုလိုက် သွားစားလို့အဆင်ပြေတဲ့ ကြက်သားမြေအိုးသွားစားလို့ရအောင် Review လေးရေးပေးချင်ပါတယ်။ ဆိုင်နာမည်ကတော့ Shwe Wong Li ပါ။ ဆိုင်ရဲ့ တည်နေရာကတော့ အောင်ချမ်းသာအိမ်ယာ၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်မှာ တည်ရှိပြီး မြင်သာအောင်ပြောရရင်တော့ ဗိုလ်အောင်စိန်လမ်းနဲ့ ရွှေဂုံတိုင်လမ်းဆုံတဲ့ နေရာမှာတည်ရှိပါတယ်။

Hot Pot

ဈေးနှုန်း

ဒီိဆိုင်ကို စာရေးသူတို့ သွားစားတော့ လာချပေးတဲ့ ကြက်သားမြေအိုးက အသားတွေအများကြီးပါပါတယ်။ ၄ယောက်စာဆိုရင်လည်း ၄ ယောက်စားလို့အဆင်ပြေတဲ့ ပမာဏ ပါဝင်ပါတယ်။ ဈေးနှုန်းကလည်း ပွဲသေးဆိုရင် ၅၈၀၀ ပွဲလတ်ဆိုရင် ၇၈၀၀ ပွဲကြီးဆိုရင် ၉၈၀၀ နဲ့ အထူးပွဲကြီးကတော့ ၁၅၈၀၀ ပါ။ ပွဲသေးဆိုရင်တော့ အစားကြီးတဲ့သူဆိုရင်တောင် ၁ ယောက်ကောင်းကောင်းစားလို့ရပါတယ်။

Why is SWL Chicken Pot so delicious

သုံးဆောင်ပုံအဆင့်ဆင့်ကိုလည်း နံရံပေါ်မှာ သေချာလေး ပြောပြထားပါတယ်။

 

5 Steps to Enjoy SWL Chicken Pot
ကြက်သားမြေအိုးဆိုလို့ ဘယ်လိုစားရမလဲဆိုတော့ အရင်ဆုံး လာချပေးတဲ့ မြေအိုးထဲက ကြက်သားကို အရင်စားရမှာဖြစ်ပါတယ်။အစပ်လည်းရသလို၊ အစပ်ကြောက်တဲ့သူတွေအတွက်လည်း အစပ်လျှော့ခိုင်းလို့ရပါတယ်။ ကြက်သားကုန်ခါနီးမှ ဟင်းရည်ဖြည့်ပြီး အရွက်တွေထည့်၊ အသားတွေထည့်၊ တခြားအစာပလာတွေထည့်ပြီး ဟော့ပေါ့လိုစားရတာပါ။ အဲဒီဟင်းရွက်တွေကလည်း ဈေးမကြီးပါဘူး။ ၈၀၀ ကနေ ၂၀၀၀ ကျော်ကြားရှိပြီး ပန်းကန်အရောင်နဲ့ ဈေးနှုန်းကိုခွဲထားပါတယ်။ ဒါပေမယ့်ကြက်သားမြေအိုးစားပြီးရင်တောင် ဗိုက်အတော်လေးပြည့်နေပါပြီ။ သုံးဆောင်ပုံအဆင့်ဆင့်နဲ့ပတ်သက်လို့လည်း ဆိုင်ရဲ့ နံရံတွေမှာ ရေးသားထားပေးတာတွေ့ရပါတယ်။

ဟော့ပေါ့ဟင်းရည်အနှစ်ကလည်း အရင်စားခဲ့ဖူးတဲ့ ဟင်းအနှစ်အရသာနဲ့မတူဘဲ တမူထူးခြားနေပြီး လျှာမှာစွဲပြီးကျန်ခဲ့ပါတယ်။ ဘာဟင်းအနှစ်ကိုသုံးတာလဲလို့မေးကြည့်တော့ ဟောင်ကောင်မှာ နှစ်ပေါင်း ၁၅၀ ကျော်ရှိပြီဖြစ်တဲ့ SWL ရဲ့ ဆော့လ်ကိုသာ အသုံးပြုထားတယ်လို့ သိရပါတယ်။

သမိုင်းကြောင်း

History of chicken pot

 

ကြက်သားမြေအိုးကတော့ တရုတ်ဟင်းလျာတစ်မျိုးဖြစ်ပြီး ၁၇၃၅ ခုနှစ်Qing မင်းဆက်မှာ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ကြက်သားမြေအိုးရဲ့ သမိုင်းကြောင်းနဲ့ပတ်သက်လို့လည်း ဆိုင်ရဲ့ နံရံမှာလည်း စာတမ်းကြီး ကပ်ပေးထားပါတယ်။

တခြားအစားအစာတွေလည်းရသေးတယ်

ကြက်သားမြေအိုးကိုပဲပြောနေလို့ ကြက်သားမကြိုက်တဲ့သူတွေအတွက်လည်း အမဲသားနဲ့ ဝက်နံရိုးမြေအိုးကို သုံးဆောင်လို့ရပါသေးတယ်။ ဒါ့အပြင် ထမင်းကြော်၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်အပြင် တခြားဟင်းအမယ်တွေလည်း ရရှိနိုင်လို့ ထမင်းနဲ့ ဟင်းသွားစားမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ဈေးနှုန်းကလည်း ၂၈၀၀ကနေ ၅၈၀၀ ထိရှိပါတယ်။ တခြားသောက်စရာတွေလည်း ရပါသေးတယ်။ သစ်သီးဖျော်ရည်အပြင် တခြားအသင့်သောက်အချိုရည်တွေလည်းရှိပါတယ်။

21641191_879585225528800_4158405462773809579_o

အဲ့ဒီအပြင် အပူအစပ်ပြေ ဖျော်ရည် ချဉ်ချိုလေးကို ပိုက်ဆံ ၅၀၀ ကျပ်နဲ့ free flow သောက်လို့ရပါတယ်။ တရုတ်ဆီးသီးနဲ့ ပြုလုပ်ထားတာကြောင့် ဗီတာမင်ဓာတ်များကာ ရောဂါတွေကိုကာကွယ်နိုင်စွမ်းရှိပြီး ကျန်းမာရေးကို ကောင်းစေပါတယ်။ ဒီဖျော်ရည်လေးနဲ့ဆိုရင် ကြက်သား မြေအိုး ဟော့ပေါ့အရသာကို ပိုကောင်းစေပါတယ်။

story behind SWL sauce

အားနည်းချက်ဘာရှိသလဲ

နေရာတိုင်းမှာ အားသာချက်၊ အားနည်းချက်က ရှိကြစမြဲပါ။ စားသောက်ဆိုင် Review ရေးရင် ကောင်းတဲ့အချက်ချည်းဘဲမဟုတ်ဘဲ သိပ်အဆင်မပြေတဲ့ အချက်တချို့လည်း ပြောဖို့လိုပါတယ်။ အဲ့ဒါကတော့ ကားပါကင်ပါ။ ဆိုင်ရှေ့မှာတော့ ကား ၂ စီး၊ ၃ စီးလောက်ရပ်လို့ရပါတယ်။ ကားနဲ့လာမယ်ဆိုရင်တော့ အနည်းငယ်အခက်အခဲရှိတယ်လို့ ပြောလို့ရနိုင်ပါတယ်။ ဒါပေမယ့် ဗိုလ်အောင်စိန်လမ်းမှာ ရပ်ခဲ့လို့လည်းရပါတယ်။ လမ်းလေးကူးလိုက်တာနဲ့ ရောက်ပြီဆိုတော့ အရမ်းခက်ခဲတယ်လို့လည်းမဟုတ်ပါဘူး။ ဆိုင်ရှင်ကတော့ ကားပါကင်ကိစ္စ အဆင်ပြေအောင်လုပ်ပေးသွားဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

အခုလို အားနည်းချက်အနည်းငယ်ရှိပေမယ့် ဆိုင်ရဲ့ အရသာကောင်းမွန်မှုက စားသုံးသူတွေကို ဆွဲဆောင်နိုင်မယ်လို့ ရွှေဝန်းလီကတော့ ယုံကြည်နေပါတယ်။

စာရေးသူကိုယ်တိုင် အရသာကို အရမ်းကြိုက်တဲ့ဆိုင်လေးဖြစ်သလို၊ ဈေးနှုန်းအရလည်း အသင့်တော်ဆုံးဖြစ်လို့ စာဖတ်သူတို့ကိုလည်း တစ်ခေါက်လောက်သွားစားကြည့်စေချင်ပါတယ်။ အရမ်းတန်တဲ့ ပရိုမိုးရှင်းကိုလည်း ဆိုင်က ဆက်တိုက်ဆိုသလို လုပ်ပေးနေတော့ စားရတာအရမ်းတန်ပါတယ်။