Stay Home ကာလအတွင်းမှာ ဟော့ပေါ့စားချင်နေသူတွေအတွက် ဒီတစ်ခါမှာတော့ မိမိအိမ်မှာပဲ အလွယ်တကူလုပ်စားနိုင်တဲ့ ကြက်သားဟော့ပေါ့စပ်စပ်လေး ပြုလုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ပေါင်ခန့်
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဝက်ရိုး ၂ တုံး
  • ညှက်အောင်ထောင်းထားသော ငရုတ်သီးထောင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်သီးတောင့် အခြောက်တောင့် ၁ တောင့်

  • နာနတ်ပွင့် များများနှင့် စမုန်စပါး လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ကြက်သွန်ဖြူ ၁ ဥ (ပါးပါးလှီးထားပါ)
  • ဂျင်း အတုံးသေး တစ်တုံး (ပါးပါးလှီးထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • နှမ်းဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားကို အတုံး ခပ်ကြီးကြီး တုံးထားပါ။ ကြက်သားတုံးများနှင့် ဝက်ရိုးများကို ရေဖြင့် စင်ကြယ်အောင်ဆေးကြောထားပါ။

၂။ အိုးတစ်လုံးထဲသို့ ရေများများထည့်ကာ ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ထို့နောက် ကြက်သားတုံးနှင့် ဝက်ရိုးများထည့်ကာ ထပ်မံဆူပွက်လာအောင် တည်ထားပါ။ ဝက်အရိုးရဲ့အသွေးတွေ ကုန်သွားသည်အထိ ပြုတ်ပေးပါ။

၃။ ထို့နောက် ဝက်ရိုးနှင့် ကြက်သားတုံးများကို ဆယ်ယူပါ။ ထိုအိုးကို ဆေးကြောပါ။ ရေအသစ် ထပ်ထည့်ပြီး ဝက်ရိုးထည့်ကာ မီးအေးအေးဖြင့် မိနစ် ၄၀ ခန့် တည်ထားပါ။

၄။ ကြက်သားကို အအေးခံပြီးတဲ့နောက်မှာ အနေတော်အတုံး တုံးပေးလိုက်ပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဟင်းရွက်ဆီထည့်ပါ။ ကြက်သွန်ဖြူ၊ ဂျင်းတို့ထည့်ပြီး ၂ မိနစ် ဆီသတ်ပါ။ ထို့နောက် ငရုတ်သီးထောင်းထည့်ပြီး ငရုတ်သီးအနံ့ ရလာသည်အထိ ဆီသတ်ပါ။ ထို့နောက် စမုန်စပါး၊ နာနတ်ပွင့်၊ ငရုတ်သီးတောင့်၊ ငရုတ်ကောင်းစေ့များထည့်ပြီး နောက်ထပ် တစ်မိနစ် မွှေပေးလိုက်ပါ။ ပြီးရင်တော့ ကြက်သားတုံးများထည့်ကာ လုံးပေးလိုက်ပါ။

၆။ ထို့နောက် ဝက်ရိုးဟင်းရည်လေးကို ဒယ်အိုးထဲထည့်ပါ။ ဆား လက်ဖက်ရည်ဇွန်း ၃ ဇွန်းထည့်ပြီး မိနစ် ၂၀ ခန့် ဆူပွက်လာအောင် တည်ထားပါ။

၇။ ဒါဆိုရင်တော့ ကြက်သားဟော့ပေါ့စပ်စပ်လေး ရရှိသွားပါပြီ။ အခြားတန်ဆာပလာ အစားအစာတွေဖြစ်တဲ့ အပ်မှို၊ ကန်စွန်းရွက်၊ မုန်ညှင်းထုပ်၊ အသားလုံးများ အစရှိသည်တို့ကိုလည်း မိမိစိတ်ကြိုက် ထည့်ချက်ကာ အရသာရှိရှိ အားပါးတရသုံးဆောင်နိုင်ပါတယ်။

Source : Chinasichuanfood.com