အားလုံးပဲ မင်္ဂလာပါ။ ဟော့ပေါ့ချစ်သူများအတွက် မိမိအိမ်မှာ အလွယ်တကူလုပ်စားနိုင်တဲ့ ဂျပန်စတိုင်လ် အမဲသားလွှာဟော့ပေါ့ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ဝ.၅ ပေါင်
  • အပ်မှို
  • ပဲပြား တစ်တုံး (လက်မဝက်အထူ လှီးဖြတ်ထားပါ)
  • မုန်လာဥနီ တစ်လုံး (အခွံခွာပြီး ပါးပါးလှီးထားပါ)
  • မုန်ညှင်းရွက်

  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၄ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆန်ဝိုင်၊ ပဲငံပြာရည်၊ ရေနှင့် သကြားတို့ထည့်ကာ ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပါက ပန်းကန်လုံးထဲ ပြောင်းထည့်ထားပါ။

၂။ အမဲသားကို အလွှာလိုက် ပါးနိုင်သမျှ ခပ်ပါးပါးသာ လှီးဖြတ်ထားပါ။

၃။ အပ်မှိုကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောပြီးနောက် အမြစ်များကို လှီးထုတ်လိုက်ပါ။

၄။ ပဲပြားနှင့် မုန်လာဥနီတို့ကိုလည်း အဆင်သင့်လှီးဖြတ်ထားပြီးနောက် မုန်ညှင်းရွက်များကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောထားပါ။

၅။ ထို့နောက် အပ်မှို၊ မုန်လာဥနီ၊ ပဲပြားနှင့် အမဲသားတို့ကို အိုးထဲတွင် အစီအရီထည့်ထားလိုက်ပါ။ ပြီးရင်တော့ အဆင့် (၁) က ပြုလုပ်ထားသောအရည်ကို အိုးထဲသို့ လောင်းထည့်ကာ အဖုံးအုပ်ထားပြီး အလယ်အလတ်မီးအပူချိန်ဖြင့် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၆။ ပွက်ပွက်ဆူလာပါက မီးအပူချိန်ကို အနိမ့်ဆုံးသို့လျော့လိုက်ကာ အဖုံးဖွင့်လျက်သားဖြင့် ၁၅ မိနစ်ခန့် ထပ်တည်ရပါမယ်။ ဒါမှသာ ဟင်းရွက်နှင့် အသားတို့ ကျက်မှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ နူးအိသွားတဲ့အခါမှာတော့ မီးဖိုပေါ်ကချကာ ပန်းကန်လုံးထဲ ပြောင်းထည့်ပြီး အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source : Spicetheplate.com