အရသာထူးကဲကောင်းမွန်တဲ့ အစားအစာတွေကို ‌ရောင်းချလျက်ရှိသည့် စည်တော်ကြီး ကဖေးနှင့်စားဖွယ်စုံ

စည်တော်ကြီး ကဖေးနှင့်စားဖွယ်စုံ ဆိုင်ဟာဆိုရင် ရန်ကုန်မြို့ရှိ ရတနာလမ်းတွင် တည်ရှိပြီး စတင်ဖွင့်လှစ်ချိန်ကစလို့ အခုချိန်ထိကို အစားအသောက်တွေရဲ့ အရည်အသွေးနဲ့ပတ်သက်လို့ ‌ပြောင်းလဲမှုတစုံတရာမရှိဘဲ ‌ရောင်းချလျက်ရှိနေပါတယ်။ ‌သပ်ရပ်စွာပြင်ဆင်ချက်ပြုတ်ထားတဲ့ ရှမ်းအစားအစာ‌များ၊ ‌အမျိုးစုံလှတဲ့ ‌ခေါက်ဆွဲဟင်းပွဲများ၊ စသဖြင့် ‌ရွေးချယ်စရာတွေအများကြီးရှိသည့်အပြင် ‌နေ့လည်စာအတွက် သီးသန့်ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေလည်း အမယ်စုံလှအောင်ရှိပါသေးတယ်။ စည်တော်ကြီးရှိ အဖျော်ဆရာကြီးဟာဆိုရင်လည်း လာရောက်သုံးဆောင်ကြသည့် စားသုံးသူများအကြိုက် လက်ဖက်ရည်ကို ဖျော်စပ်ရာမှာ အင်မတန်ကို ကျွမ်းကျင်လွန်းလှပါတယ်။ အဆင်မပြေမှုတစုံတရာ ‌ပေါ်ပေါက်ခဲ့သည်ရှိသော် တာဝန်ရှိသူများမှနေပြီး ချက်ချင်းဆိုသလို ‌ဖြေရှင်းပေးပါလိမ့်မယ်။

ဒီဗီဒီယိုလေးကိုတော့ ကိုစိုင်းကောင်းမြတ်စိုးမှ ရိုက်ကူးထားတာဖြစ်ပြီး 5 Plus ရုပ်သံလိုင်း၏ Captain Pat မှ တည်းဖြတ်ထားပါတယ်။ “English Fun” လို့အမည်ရတဲ့ Pat ၏ အင်္ဂလိပ်အစီအစဥ်အတွက် စည်တော်ကြီး ကဖေးနှင့်စားဖွယ်စုံဆိုင်ကို သွားရောက်ရိုက်ကူးခဲ့ကာ ထိုအခါတုန်းက ရရှိထားတဲ့ ရိုက်ကွက်‌လေးတွေကို စုစည်းပြီးတော့ ဒီဗီဒီယိုအတိုလေးကို ဖန်တီးပုံဖော်ခဲ့တာပါ။ ‌‌ဒါ့အပြင် ဗီဒီယိုထဲမှာ ထည့်သွင်းအသုံးပြုထားတဲ့ ‌နောက်ခံတေးဂီတအတွက် မူပိုင်ကင်းလွတ်ခွင့်ကိုလည်း ရရှိပြီးသားဖြစ်ပါတယ်။