အားလုံးပဲမင်္ဂလာပါရှင့်။ ဒီတခါမှာတော့ တို့ဟူးကြော် ကြိုက်ကြတဲ့ စာဖတ်သူတို့အတွက် တို့ဟူးကြော် ပူပူလေး ကြော်စားနည်းကို မျှဝေပေးချင်ပါတယ်။ တို့ဟူးကြော်မယ်ဆိုတော့ တို့ဟူးအရင်ကျိုရမှာဖြစ်ပါတယ်နော်။

တို့ဟူးကျိုရန်

တို့ဟူးကို အသင့်လုပ်ထားတာ ဝယ်လည်းရပါတယ်။ တကယ်လို့ အိမ်မှာ ကိုယ့်ကိုယ်ချက်ချင်ရင်တော့ အောက်ပါ ပါဝင်ပစ္စည်းတွေလိုအပ်ပါမယ်။

ကုလားပဲအစိမ်းမှုန့် (သို့) ကုလားပဲကို ရေစိမ်ပြီး ကျိတ်ပါ ၁ ဘူးခန့်

  • နနွင်းမှုန့် အနည်းငယ်
  • ဆား အနည်းငယ်
  • သကြား အနည်းငယ်
  • အချိုမှုန့်အနည်းငယ်

ပြုလုပ်နည်း

တို့ဟူးကို ကျိုးဖို့အတွက် ကုလားပဲမှုန့်ကို ရေ နဲ့ရောလိုက်ပြီး သမအောင်နယ်လိုက်ပါ။ ပီးရင် သေချာလေး မွှေပေးပါ။ နနွင်းနည်းနည်းထည့်မွေပါ။ အဲဒီနောက် မီးနည်းနည်းနဲ့ ကျိုပေးပါ။ ကျိုမေချိန်မှာ အဆက်မပြတ် မွေထားရပါမယ်။

တို့ဟူးနွေးမပျစ်တပျစ်လေးဖြစ်လာရင် မီးပိတ်လိုက်ပါ။ ပြီးရင် ပန်းတစ်ခုထဲထည့်ပြီး အေးအောင်ထားထားပါ။ တစ်ညလောက်ထားရင်လည်း ရပါတယ်။

တို့ဟူးကို လက်တစ်လုံးလောက်ဆီ အထူရအောင် လှီးလိုက်ပါ။ ပြီးရင် အလယ်သားကို ဓားလေးနဲ့ အကြောင်းနှစ်ကြောင်းလောက် ခွဲပြီးကြော်ပါ။ အရမ်းကြွပ်ရင်လည်း သိပ်စားမကောင်းလို့ အပြင်ကကြွပ်ပြီး အထဲက ပျော့ပျော့လေးနဲ့ဆို ပိုစားလို့ကောင်းပါတယ်။ အချဉ်ရည်လေးနဲ့ တို့စားပါနော်။

အချဉ်ရည်ကိုတော့ မန်ကျဉ်းမှည့်ရေထဲကို ငံပြာရည်၊ အချိုမှုန့်၊ သကြား၊ ငရုတ်သီးအနည်းငယ်၊ နံနံပင်၊ ဂေါ်ဖီပါးပါးလှီးထည့်၊ ငရုတ်သီးစိမ်းပါးပါးလှီးလိုက်ပြီး သေချာနယ်ပေးကာ တို့စားလို့ရပါပြီနော်။

By: MyFood Myanmar