နေ့စဉ်ရေလုံလောက်စွာသောက်ခြင်းက ကျန်းမာရေးအတွက် အလေ့အကျင့်ကောင်းတစ်ခုပါ။ လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ လှုပ်ရှားမှုအပေါ်မူတည်ပြီး ခန္ဓာကိုယ် ရေလိုအပ်မှု ပမာဏကလည်း ကွာခြားပါတယ်။

အများအားဖြင့် တစ်နေ့ကို ရေ ၈ ခွက် (၂လီတာ) နီးပါးသောက်သင့်တယ်လို့ ခန့်မှန်းပြောဆိုကြပါတယ်။

ဒါ့ကြောင့် ရေသောက်နည်းရင်ဖြစ်တတ်တဲ့ ရောဂါ လက္ခဏာများကိုဝေမျှချင်ပါတယ်။

ဝမ်းချုပ်ခြင်း

ဝမ်းချုပ်တာဟာ ရေသောက်နည်းတာရဲ့ လက္ခဏာတစ်ခုပါ။ ရေက အစာခြေလမ်းကြောင်းကနေ စွန့်ပစ်ဖို့ အစာအိမ်ဟောင်းကို သယ်ဆောင်သွားတဲ့ အထိ အရေးပါတာကြောင့် ရေသောက်နည်းရင် ဝမ်းချုပ်တတ်ပါတယ်။

အသားအရေ ခြောက်သွေ့ခြင်း

ရေသောက်နည်းရင် အသားအရေ ခြောက်သွေ့လာပါတယ်။ ရေက သွေးကြောတွေထဲက သွေးတွေသယ်ဆောင်ရာမှာ အဓိကကျပါတယ်။ ဒီလိုသယ်ဆောင်နေမှသာ အရေပြားထဲမှာ အဆီထုတ်လုပ်မှုတွေကလည်း ရှိနေတာပါ။

ရေဓာတ်မရှိရင် အရေပြားဆဲလ်တွေက ခြောက်သွေ့လာပြီး ဆဲလ်အသစ်တွေကို အစားထိုး၊ ဆဲလ်တွေကိုပြုပြင်တဲ့စနစ်တွေမလုပ်ဆောင်နိုင်တော့ဘဲ အသားအရေတွေ ခြောက်သွေ့လာပါတယ်။

လျှာနဲ့ နှုတ်ခမ်းတွေခြောက်သွေ့လာ

ရေဓာတ်မလုံလောက်ရင် လျှာနဲ့ နှုတ်ခမ်းတွေခြောက်သွေ့လာပါတယ်။ ရေဓာတ်ခမ်းခြောက်လာရင် တံတွေးထုတ်လုပ်မှုလည်း လျော့ကျလာပါတယ်။

ကြွက်သားတွေ နာကျင်လာ

ရေသောက်နည်းလာရင် ကြွက်သားတွေနာကျင်လာတတ်ပါတယ်။ ရေက ခန္ဓာကိုယ်ထဲမှာရှိတဲ့ Electrolytes တွေကို ထိန်းညှိပေးပြီး ကြွက်သား ကျန်းမာရေးကို ကောင်းစေပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်း

ခေါင်းတစ်ခြမ်းကိုက်တာကလည်း ရေကိုလုံလောက်စွာမသောက်သုံးလို့ပါဘဲ။ ရေဓာတ်ခမ်းခြောက်ခြင်းက ဆဲလ်တွေကို အောက်စီဂျင်သယ်ဆောင်မှုမှာ အနှောင့်အယှက်ဖြစ်သလို အာဟာရသယ်ဆောင်မှုမှာလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။

Featured Image Source: DoYouRemember?