အားလုံးပဲမင်္ဂလာပါနော်။ ပေါင်မုန့်မီးကင် ကြိုက်ကြလားရှင့်။ ပေါင်မုန့်က အရသာရှိသလို အာဟာရလည်းရှိတာကြောင့် ပေါင်မုန့်မီးကင်ကို မနက်စာအဖြစ် သုံးဆောင်လေ့ရှိကြပါတယ်။

ပေါင်မုန့်မီးကင်ကို မီးကင်တဲ့ စက်မလိုဘဲနဲ့ အလွယ်တကူ ကင်လို့ရပါတယ်။

ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ပေါင်မုန့်
  • ပန်းကန်
  • Pan အိုး
  • ဇွန်း
  • မြေပဲ ထောပတ်

ပြုလုပ်နည်း

အရင်ဆုံး မီးဖိုကို ဖွင့်လိုက်ပါ။ ၁ မိနစ်လောက် အပူပေးပါ။ ပြီးရင်တော့ ပေါင်မုန့်ကို ထည့်လိုက်ပါ။

ပြီးရင် ဇွန်းလေးနဲ့ ဖိပေးလိုက်ပါ။

၂မိနစ်လောက်ထားပြီးနောက်တစ်ဖက်ကိုပြောင်းလိုက်ပါ။

နောက်တစ်ဖက်ကိုလည်း အဲလိုပဲ ကင်ပေးရမှာဖြစ်ပါတယ်။

ပြီးရင်တော့ရပါပြီ။

မြေပဲ ထောပတ် (သို့) ချိစ် မိမိနှစ်သက်ရာနဲ့ ပေါင်မုန့်ကို သုတ်လိုက်ပြီး သုံးဆောင်နိုင်ပါပြီ။

ကော်ဖီလေးပါတွဲသောက်ရင်တော့ ပြီးပြည့်စုံတဲ့ မနက်စာပါပဲနော်။

Source: www.fabhow.com

By: MyFood Myanmar