အားလုံးပဲမင်္ဂလာပါနော်။ ဝက်သား ၃ ထပ်သား (သို့) ဗိုက်သားကို နူးနူးအိအိလေး လုပ်စားလို့ရအောင်မျှဝေပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

  • ဝက်သား ၃ ထပ်သား (သို့) ဗိုက်သား
  • ကြက်သွန်နီ ၁ လုံး
  • ကြက်သွန်ဖြူ အနည်းငယ်

Source: Abel & Cole

  • ဂျင်းအနည်းငယ်
  • ဆားအနည်းငယ်
  • ပဲငံံပြာရည် အနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

ဆော့လ်လုပ်ရန်

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဝိုင်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဟင်းအနှစ် (ဝက်သားချက်တာကနေရလာတဲ့ ဟင်းရည်)
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

အရင်ဆုံး ဝက်သားကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ ၁ လုံး၊ ကြက်သွန်ဖြူ၊ အနည်းငယ်၊ ဂျင်းအနည်းငယ်၊ ဆားအနည်းငယ်၊ ပဲငံပြာရည် အနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်တို့နဲ့ နယ်ပေးလိုက်ပါ။ ပြီးရင် နာရီဝက် ၁ နာရီလောက်နှပ်ထားလိုက်ပါ။

အဲဒီနောက် ရေအနော်တော်လောက်ထည့်ပြီး ဝက်သားနူးနေအောင်ပြုတ်လိုက်ပါ။

ရပြီဆိုရင်တော့ ဆော့စ်ကို အပေါ်ကနေ ဖြူးလိုက်ပြီး ခဏမွှေပေးလိုက်ပါ။

မီးကို အပူချိန်လျှော့လိုက်ပါ။

ဆားလိုရင် ဆားထပ်ထည့်နိုင်သလို ဝက်သားမရသေးရင် ရေနည်းနည်းထပ်ထည့်နိုင်ပါတယ်။

ပြီးရင်တော့ ဝက်သားကို ခပ်ပါးပါးလေးလှီးပြီး သုံးဆောင်နိုင်ပါပြီနော်။

ကြက်သွန်မြိတ်နဲ့ သုံးဆောင်လို့လည်းရပါတယ်။

ဝက်သား ၃ ထပ်သား နူးနူးအိအိလေး လုပ်စားကြမယ်

Source: www.koreanbapsang.com

By: MyFood Myanmar