အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ရိုးရှင်းလွယ်ကူပြီး အရသာရှိတဲ့ ပဲပုပ်စေ့ မုန်ညှင်းဖြူ ဟင်းရည် ပြုလုပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

  • မုန်ညှင်းဖြူထုပ် တစ်ခြမ်း
  • ကြက်စွပ်ပြုတ်ရည် (သို့) အမဲ စွပ်ပြုတ်ရည် ၄ ခွက်
  • ပဲပုပ်စေ့ (အပြဲ) စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးမှုန့် အနည်းငယ်

Source: Good Eggs

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ အနည်းငယ်
  • ကြက်သွန်မြိတ်အနည်းငယ်
  • ဆား၊ ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ကြက်စွပ်ပြုတ်ရည် (သို့) အမဲစွပ်ပြုတ်ရည်တို့ကို ဆူအောင် ပြန်သည်လိုက်ပါ။

အဲဒီအချိန်မှာ မုန်ညှင်းဖြူကို လှီးပေးထားပါ။

ဆူလာရင် ပဲပုပ်စေ့ကို ထည့်ပါ။ ဇကာတစ်ခုနဲ့ ခံပြီး ပဲပုပ်ကို ချေပြီး အနှစ်ပဲထည့်ပေးပါ။

အဲဒီနောက် မုန်ညှင်းဖြူထည့်လိုက်ပြီး ဆား၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်တို့ထည့်လိုက်ကာ အဖုံးအုပ်ပေးထားပါ။ ရတော့မယ်ဆိုရင် ကြက်သွန်ဖြူနဲ့ ကြက်သွန် မြိတ်ထည့်ပါ။

ပြီးရင် သုံးဆောင်လို့ရပါပြီနော်။

Source: www.koreanbapsang.com

By: MyFood Myanmar