အားလုံးပဲမင်္ဂလာပါနော်။ ကြက်ဟင်းရည် ချဉ်စပ်လေးကတော့ ရိုးရိုးရှင်းရှင်းပါပဲ။

အရသာလည်းရှိပြီး ဟင်းရည်ဆိုတော့ ခံတွင်းမြိန်စေမှာဖြစ်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ကြက်ပေါင်သား (သို့) ရင်အုံသား ၁ ပေါင်
  • ကြက်သွန်နီ တစ်ခြမ်း
  • ကြက်သွန်မြိတ် ၁ ပင်
  • ကြက်သွန်ဖြူအနည်းငယ်
  • ကြက်ဥ ၁လုံး ခလောက်ထားလိုက်ပါ

ဟင်းအနှစ်လုပ်ရန်

  • နှမ်းဆီ
  • ငရုတ်သီးမှုန့် မိမိနှစ်သက်သလောက်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်
  • ကြက်သွန်ဖြူတောက်တောက်စဉ်း အနည်းငယ်
  • ဆား၊ ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ကြက်သား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်တို့ထည့်ပြီး ရေ ၅ ခွက်လော်ကထည့်ကာ မီးပြင်းပြင်းနဲ့ ပြုတ်လိုက်ပါ။

ကြက်သားနူးရင် မီးပိတ်လိုက်ပြီး ကြက်သားကို မွှပေးလိုက်ပါ။ ဆား၊ ငရုတ်ကောင်းမှုန့်တို့နဲ့နယ်ပေးပါ။

အနှစ်လုပ်တဲ့ပါဝင်ပစ္စည်းတွေကို နှမ်းဆီပူပူလေးနဲ့ ကြော်ပေးလိုက်ပါ။

ပြီးရင်တော့ စောစောကသည်ထားတဲ့ ဟင်းရည်ထဲကို ကြက်သားနဲ့ ဟင်းအနှစ်ထည့်လိုက်ပြီး ပွက်ပွက်ဆူအောင်သည်လိုက်ပါ။

ဒါဆိုရင်တော့ ရပါပြီနော်။ စားခါနီးရင် သံပရာသီး ညှစ်လိုက်ပါ။

Source: www.koreanbapsang.com

By: MyFood Myanmar