အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကြက်သားအာလူး ချဉ်ချဉ်စပ်စပ်ချက်နည်း လေးကို မျှဝေပေးချင်ပါတယ်။
အရမ်းလည်းအရသာရှိပြီး လူတိုင်းလည်း နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်နော်။
ကိုရီးယားစတိုင်လ် ဆော့စ်ကိုအခြေခံပြီး ချက်ထားတာလေးပါ။
ပါဝင်ပစ္စည်းများ
- ကြက်သား ၁ ကီလိုဂရမ်
- ရေ ၁ ခွက်
- အာလူး ၃ လုံး ( အတုံးလေးတွေလှီးပါ)
- မုန်လာဥနီ ၁ လုံး အတုံးသေးသေးလေးတွေလှီးပါ
- ကြက်သွန်နီ ၁ လုံး အတုံးသေးသေးလေးတွေလှီးပါ
- ကြက်သွန်မြိတ် ၁ ချောင်း
- နှမ်း လျှော် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆော့စ်လုပ်ရန်
- ကိုရီးယားငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၃ ဇွန်း
- ငရုတ်သီး မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
- ဆန်ဖြူ စားပွဲတင်ဇါန်း ၂ ဇွန်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူ တောက်တောက်စဉ်း စားပွဲတင်ဇွန်း ၁ ဇွန်း
- ဂျင်းတောက်တောက်စဉ်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းမှုန့်အနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး ကြက်သားတုံးလေးတွေကို ရေဆေးလိုက်ပါ။ ပြီးရင် ရေကို ပွက်ပွက်ဆူအောင်တည်ပြီး ၁ မိနစ်လောက်ပြုတ်လိုက်ပါ။ အဲဒီနောက် ရေစစ်ချပါ။
ပြီးရင် ဆော့စ်လုပ်တဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို ရောလိုက်ပါ။
အဲဒီနောက် အိုးထဲကို ကြက်သားနဲ့ ရေနည်းနည်းထည့်ပြီး ၊ ဆော့စ် ထည့်လိုက်ပါ။ ဆူအောင်ထားပါ။ အပူချိန် အနေတော်လောက်နဲ့ ၁၀ မိနစ်လောက် အုပ်ထားပါ။
အာလူး၊ မုန်လာဥနီ၊ ကြက်သွန်နီတို့ကိုထည့်လိုက်ပြီး နောက်ထပ် ၇ မိနစ်လောက် အုပ်ထားပါ။
အဲဒီနောက် အပူချိန်ကိုနည်းနည်းလျှော့ပြီး မွှေလိုက်ပါ။ နောက်ထပ် ၈ မိနစ်လောက် ထပ်သည်ထားပါ။
အပေါ်ကနေ ပင်စိမ်းရွက်တို့လို မွှေးတဲ့အရွက်တစ်ခုခု အပေါ်ကနေ အုပ်ပေးလိုက်ပါ။
ဒါဆိုသုံးဆောင်လို့ရပါပြီနော်။
Source: www.mykoreankitchen.com
By: MyFood Myanmar