အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကြက်သားအာလူး ချဉ်ချဉ်စပ်စပ်ချက်နည်း လေးကို မျှဝေပေးချင်ပါတယ်။

အရမ်းလည်းအရသာရှိပြီး လူတိုင်းလည်း နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်နော်။

ကိုရီးယားစတိုင်လ် ဆော့စ်ကိုအခြေခံပြီး ချက်ထားတာလေးပါ။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ကီလိုဂရမ်
  • ရေ ၁ ခွက်
  • အာလူး ၃ လုံး ( အတုံးလေးတွေလှီးပါ)
  • မုန်လာဥနီ ၁ လုံး အတုံးသေးသေးလေးတွေလှီးပါ

  • ကြက်သွန်နီ ၁ လုံး အတုံးသေးသေးလေးတွေလှီးပါ
  • ကြက်သွန်မြိတ် ၁ ချောင်း
  • နှမ်း လျှော် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆော့စ်လုပ်ရန်

  • ကိုရီးယားငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်သီး မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆန်ဖြူ စားပွဲတင်ဇါန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

Sugar

  • ကြက်သွန်ဖြူ တောက်တောက်စဉ်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျင်းတောက်တောက်စဉ်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ကြက်သားတုံးလေးတွေကို ရေဆေးလိုက်ပါ။ ပြီးရင် ရေကို ပွက်ပွက်ဆူအောင်တည်ပြီး ၁ မိနစ်လောက်ပြုတ်လိုက်ပါ။ အဲဒီနောက် ရေစစ်ချပါ။

ပြီးရင် ဆော့စ်လုပ်တဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို ရောလိုက်ပါ။

အဲဒီနောက် အိုးထဲကို ကြက်သားနဲ့ ရေနည်းနည်းထည့်ပြီး ၊ ဆော့စ် ထည့်လိုက်ပါ။ ဆူအောင်ထားပါ။ အပူချိန် အနေတော်လောက်နဲ့ ၁၀ မိနစ်လောက် အုပ်ထားပါ။

အာလူး၊ မုန်လာဥနီ၊ ကြက်သွန်နီတို့ကိုထည့်လိုက်ပြီး နောက်ထပ် ၇ မိနစ်လောက် အုပ်ထားပါ။

အဲဒီနောက် အပူချိန်ကိုနည်းနည်းလျှော့ပြီး မွှေလိုက်ပါ။ နောက်ထပ် ၈ မိနစ်လောက် ထပ်သည်ထားပါ။

အပေါ်ကနေ ပင်စိမ်းရွက်တို့လို မွှေးတဲ့အရွက်တစ်ခုခု အပေါ်ကနေ အုပ်ပေးလိုက်ပါ။

ဒါဆိုသုံးဆောင်လို့ရပါပြီနော်။

 

Source: www.mykoreankitchen.com

By: MyFood Myanmar