အားလုံးပဲမင်္ဂလာပါနော်။ အစားအစာဆိုရင် အစပ်ပါမှ ထမင်းစားမြိန်သူတွေအတွက် ကြက်သားကြော်ကို ခပ်စပ်စပ်လေး ကြော်စားလို့ရအောင် မျှဝေပေးသွားမှာဖြစ်ပါတယ်နော်။

အနှစ်ကို စပ်စပ်လေးလုပ်ပြီး ကြော်စားမယ်ဆိုရင်လည်း အရသာရှိမှာဖြစ်ပါတယ်။

ကြက်သားကြော်ဖို့

  • ကြက်သား
  • ဆား အနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဂျင်းအနည်းငယ်
  • ဂျုံမှုန့် ခွက်တစ်ဝက်
  • ဆီ

ဆော့လ်အတွက်

  • ကြက်သွန်နီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း ၃ ဇွန်းခန့်
  • ငရုတ်သီးဆော့လ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြားအနည်းငယ်
  • နှမ်းဆီ အနည်းငယ်
  • နှမ်းစေ့အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံးကြက်သားတွေကို ဆား၊ ဂျင်း၊ ငရုတ်ကောင်းမှုန့်တို့နဲ့ နယ်လိုက်ပါ။ မိနစ် ၂၀ နဲ့ ၃၀ ခန့် နှပ်ထားပါ။

ပြီးရင်တော့ ဆော့လုပ်မယ့်ပါဝင်ပစ္စည်းတွေအားလုံးကိုထည့်ထားပြီး ၄ မိနစ် ၅ မိနစ်လောက် အပူပေးလိုက်ပါ။ ခပ်ပျစ်ပျစ်လေးဖြစ်လာရင် မီးဖိုပေါ်ကချလိုက်ပါ။

ကြက်သားကို ဂျူံမှုန့်နဲ့ နယ်လိုက်ပါ။

အဲဒီနောက် ဆီပူပူနဲ့ ကြော်လိုက်ပါ။

ပြီးသွားရင်တော့ ဆော့လ်ကို အပူပေးလိုက်ပြီး ကြက်သားထည့်ကာ သေချာလေးမွေပေးလိုက်ပါ။ နှမ်းထည့်လိုက်ပြီး မွှေပေးလိုက်ပါ။ ဒါဆို မွှေးမွှေးလေးနဲ့ စားလို့အရသာရှိမှာသေချာပါတယ်နော်။

Source: www.koranbapsang.com

By: MyFood Myanmar