အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဝက်သားကိုမှ အရသာတစ်မျိုးထူးအောင် ကိုရီးယားစတိုင်လ် ခပ်စပ်စပ်လေး ကြော်ပြီး ထမင်းပူပူနဲ့တွဲစားလို့ရအောင် မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- ဝက်သား ၆၀၀ ဂရမ်
- ကြက်သွန်နီ အကြီး ၁ လုံး
- ဆီ အနည်းငယ်
- ကြက်သွန်မြိတ်၊ နှမ်းလှော် အနည်းငယ်
- ထမင်းဖြူ
ဆော့စ်လုပ်ရန်
- ပန်းသီး အနီ တစ်ခြမ်း
- ကြက်သွန်နီ အနည်းငယ်
- ကိုရီးယား ငရုတ်သီး အနှစ်စားပွဲတင်ဇွန်း ၃ ဇွန်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
- ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း
- ငရုတ်သီးမှုန့် အနည်းငယ်
- ဝိုင်ဖြူအနည်းငယ်
- ကြက်သွန်ဖြူနဲ့ဂျင်းတောက်တောက်စဉ်း
- ငရုတ်ကောင်းမှုန့်အနည်းငယ်
- ဆားအနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး အသားလေးတွေကို အတုံးအသေးလေး လှီးလိုက်ပါ။
ဆော့စ်လုပ်မယ့် ပါဝင်ပစ္စည်းတွေကို ရောမွှေလိုက်ပါ။
အဲဒီနောက် အသားနဲ့နယ်ပေးလိုက်ပါ။ နာရီဝက်လောက် နှပ်ထားပါ။
ပြီးရင် ဆီကိုအပူပေးလိုက်ပြီး အသားကို အရင်ကြော်လိုက်ပါ။ ၇၀ %လောက် ကျက်အောင်ကြောပ်ါ။
အဲဒီနောက် ကြက်သွန်နီ ကို ထည့်လိုက်ပြီး မွေပေးလိုက်ပါ။
ရပြီဆိုရင် အပေါ်ကနေ ကြက်သွန်မြိတ် နဲ့နှမ်းဖြူးပေးလိုက်ပါ။
ထမင်းပူပူလေးနဲ့ သခွားသီးတို့လို လတ်ဆတ်တဲ့ အသီးအရွက်တွေနဲ့တွဲစားနိုင်ပါတယ်။
Source: www.mykoreankitchen.com
By: MyFood Myanmar