အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ပင်လယ်စာ ကြာဇံကြော် စပ်စပ်လေး ဘယ်လိုလုပ်စားမလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။
အစပ်သိပ်မစားနိုင်သူကတော့ အစပ်လျှော့လို့ရပါတယ်နော်။
ပါဝင်ပစ္စည်း
- ကြာဇံ အနည်းငယ်
- အရောင်တင်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
- ရေဘဝဲ ၁ ကောင်
- ပုဇွန် အကောင်အသေး ၈ ကောင်ခန့်
- ကြက်သွန်နီ ပါးပါးလှီးပါ
- မုန်လာဥနီ ပါးပါးလှီးပါ
- အပ်မှို အနည်းငယ်
- ကြက်သွန်မြိတ်
- ငရုတ်သီး
- ဆား၊ ငရုတ်ကောင်း၊ ဆီ
ဆော့စ်လုပ်ရန်
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- သကြား အနည်းငယ်
- ကြက်သွန်ဖြူ တောက်တောက်စဉ်းလက်ဖက်ရည်ဇွန်း ၁ ဇွန်း
- နှမ်းဆီ အနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး ကြာဇံကို ရေနွေးနဲ့ မိနစ် ၃၀ ၊ ၄၀ ခန့် စိမ်ထားလိုက်ပါ။
ပင်လယ်စာတွေကိုရေဆေးလိုက်ပါ။
ပါဝင်တဲ့အသီးအရွက်တွေကို ပါးပါးလှီးလိုက်ပါ။
ဆီထည့်လိုက်ပါ။ အရောင်တင်မှုန့်ထည့်လိုက်ပါ။
ကြာဇံထည့်ကြော်လိုက်ပါ။
အသီးအရွက်တွေကိုကြော်လိုက်ပါ။ ခေါက်ဆွဲထည့်လိုက်ပါ။
ပြီးရင်တော့ ဆောလ်လုပ်တဲ့ပါဝင်ပစ္စည်းတွေအားလုံးထည့်လိုက်ပြီး သေချာမွေပေးလိုက်ပါ။ အရသာမြည်းပြီး ဆားလိုရင်ဆား၊ သကြားလိုရင်သကြားထပ်ထည့်ပါ။
Source: www.koreanbapsang.com
By: MyFood Myanmar