အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ပင်လယ်စာ ကြာဇံကြော် စပ်စပ်လေး ဘယ်လိုလုပ်စားမလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။

အစပ်သိပ်မစားနိုင်သူကတော့ အစပ်လျှော့လို့ရပါတယ်နော်။

ပါဝင်ပစ္စည်း

  • ကြာဇံ အနည်းငယ်
  • အရောင်တင်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေဘဝဲ ၁ ကောင်
  • ပုဇွန် အကောင်အသေး ၈ ကောင်ခန့်
  • ကြက်သွန်နီ ပါးပါးလှီးပါ

  • မုန်လာဥနီ ပါးပါးလှီးပါ
  • အပ်မှို အနည်းငယ်
  • ကြက်သွန်မြိတ်
  • ငရုတ်သီး
  • ဆား၊ ငရုတ်ကောင်း၊ ဆီ

ဆော့စ်လုပ်ရန်

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား အနည်းငယ်
  • ကြက်သွန်ဖြူ တောက်တောက်စဉ်းလက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ကြာဇံကို ရေနွေးနဲ့ မိနစ် ၃၀ ၊ ၄၀ ခန့် စိမ်ထားလိုက်ပါ။

ပင်လယ်စာတွေကိုရေဆေးလိုက်ပါ။

ပါဝင်တဲ့အသီးအရွက်တွေကို ပါးပါးလှီးလိုက်ပါ။

ဆီထည့်လိုက်ပါ။ အရောင်တင်မှုန့်ထည့်လိုက်ပါ။

ကြာဇံထည့်ကြော်လိုက်ပါ။

အသီးအရွက်တွေကိုကြော်လိုက်ပါ။ ခေါက်ဆွဲထည့်လိုက်ပါ။

ပြီးရင်တော့ ဆောလ်လုပ်တဲ့ပါဝင်ပစ္စည်းတွေအားလုံးထည့်လိုက်ပြီး သေချာမွေပေးလိုက်ပါ။ အရသာမြည်းပြီး ဆားလိုရင်ဆား၊ သကြားလိုရင်သကြားထပ်ထည့်ပါ။

Source: www.koreanbapsang.com

By: MyFood Myanmar