အားလုံးပဲမင်္ဂလာပါနော်။ ခရမ်းသီးကြိုက်ကြတဲ့သူတွေအတွက် ခရမ်းသီးနှပ်လုပ်နည်းလေးကို မျှဝေပေးသွားမှာဖြစ်ပါတယ်နော်။

ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးမို့ စာဖတ်သူတို့ အကြိုက်တွေ့ကြမယ်လို့ ယုံကြည်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ခရမ်းသီး ၂ လုံး
  • ကြက်သွန်မြိတ်အနည်းငယ်
  • ကြက်သွန်ဖြူအနည်းငယ်
  • ပဲငံပြာရည်အနည်းငယ်

ခရမ်းသီးကို အိုးထဲမှာ ဘယ်လို စိုက်မလဲ

  • နှမ်းဆီအနည်းငယ်
  • သကြား အနည်းငယ်
  • ငရုတ်သီးမှုန့်အနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ခရမ်းသီးကို အနေတော်လှီးလိုက်ပါ။ အိုးထဲကို ရေနည်းနည်းထည့်လိုက်ပြီး ပွက်လာပြီဆိုရင်တော့ ခရမ်းသီးထည့်လိုက်ပါ။  နူးလာပြီဆိုရင်တော့ ၃ မိနစ်လော်ကခဏထားပါ။ အဲဒီနောက် အေးအောင်ထားလိုက်ပါ။ ကျန်တဲ့ပါဝင်ပစ္စည်းတွေကိုထည့်လိုက်ပြီး အပူပေးကာ နူးအောင် ထပ်အုပ်ပေးလိုက်ပါ။

Source: www.koreanbapsang.com

By: MyFood Myanmar