အားလုံးပဲမင်္ဂလာပါနော်။ ကြာစွယ်ကိုကြိုက်ကြလားရှင့်။ ကြာစွယ်ကြိုက်တဲ့သူတွေအနေနဲ့ ကြာစွယ်ကို အရသာရှိရှိ ဘယ်လိုချက်စားလို့ရသလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
- ကြာစွယ် (၁) ခု
- ငရုတ်ပွသီး အဝါ ၊ အနီ၊ ၁ တစ်ခြမ်းစီ
- မှို အနည်းငယ်
- ငရုတ်သီးစိမ်းအစပ်သီး ၃ ခု
- ကြက်သွန်ဖြူ
- ဆီ
- ပဲငံပြာရည် အနည်းငယ်
- ကမာဆော့စ် အနည်းငယ်
- ကော်ရည် အနည်းငယ်
- ဆားအနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး ကြာစွယ်ကို အခွံခွာလိုက်ပြီး အတုံးလေးတွေလှီးလိုက်ပြီးရေဆေးလိုက်ပါ။
ငရုတ်ပွသီး၊ ငရုတ်စပ်သီးနဲ့ မှိုကိုလည်း လှီးလိုက်ပါ။
ဆီကိုအပူပေး ကြက်သွန်ဖြူဆီသတ်လိုက်ပြီး ကြာစွယ်ထည့်ကြော်ပေးလိုက်ပါ။
ပြီးရင်မှိုထည့်လိုက်ပြီးဆားထည့်လိုက်ပါ။ ငရုတ်ပွသီးတွေနဲ့ ငရုတ်အစပ်သီးထည့်လိုက်ပါ။ ပြီးရင် ဆား၊ ပဲငံပြာရည်၊ ကမာဆော့စ်၊ ကော်ရည်တို့ကိုထည့်လိုက်ပြီးသေချာမွှေပေးလိုက်ပါ။
၂ မိနစ် ၃ မိနစ်လောက်မွှေပေးပြီးရင် ရေနည်းနည်းထည့်ပါ။ အဲဒီနောက် သေချာလေး ကြော်ပေးပြီး ရေခမ်းပြီး အဆီပြန်လာရင် ရပါပြီ။
Source: www.koreanbapsang.com
BY: MyFood Myanmar