အားလုံးပဲမင်္ဂလာပါနော်။ ကြာစွယ်ကိုကြိုက်ကြလားရှင့်။ ကြာစွယ်ကြိုက်တဲ့သူတွေအနေနဲ့ ကြာစွယ်ကို အရသာရှိရှိ ဘယ်လိုချက်စားလို့ရသလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

  • ကြာစွယ် (၁) ခု
  • ငရုတ်ပွသီး အဝါ ၊ အနီ၊ ၁ တစ်ခြမ်းစီ
  • မှို အနည်းငယ်
  • ငရုတ်သီးစိမ်းအစပ်သီး ၃ ခု
  • ကြက်သွန်ဖြူ

  • ဆီ
  • ပဲငံပြာရည် အနည်းငယ်
  • ကမာဆော့စ် အနည်းငယ်
  • ကော်ရည် အနည်းငယ်
  • ဆားအနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ကြာစွယ်ကို အခွံခွာလိုက်ပြီး အတုံးလေးတွေလှီးလိုက်ပြီးရေဆေးလိုက်ပါ။

ငရုတ်ပွသီး၊ ငရုတ်စပ်သီးနဲ့ မှိုကိုလည်း လှီးလိုက်ပါ။

ဆီကိုအပူပေး ကြက်သွန်ဖြူဆီသတ်လိုက်ပြီး ကြာစွယ်ထည့်ကြော်ပေးလိုက်ပါ။

ပြီးရင်မှိုထည့်လိုက်ပြီးဆားထည့်လိုက်ပါ။ ငရုတ်ပွသီးတွေနဲ့ ငရုတ်အစပ်သီးထည့်လိုက်ပါ။ ပြီးရင် ဆား၊ ပဲငံပြာရည်၊ ကမာဆော့စ်၊ ကော်ရည်တို့ကိုထည့်လိုက်ပြီးသေချာမွှေပေးလိုက်ပါ။

၂ မိနစ် ၃ မိနစ်လောက်မွှေပေးပြီးရင် ရေနည်းနည်းထည့်ပါ။ အဲဒီနောက် သေချာလေး ကြော်ပေးပြီး ရေခမ်းပြီး အဆီပြန်လာရင် ရပါပြီ။

Source: www.koreanbapsang.com

BY: MyFood Myanmar