အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ပြောင်းဖူးကို ကြော်စားတာမျိုးမဟုတ်ဘဲ အာဟာရလည်းရှိအောင် ခံတွင်းလည်းရှင်းအောင် ပြောင်းဖူးစွပ်ပြုတ်ချိုချိုလေး ဘယ်လိုလုပ်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။
ပါဝင်ပစ္စည်း
- ပြောင်းဖူး တစ်ခွက်
- နံနံပင် ပါးပါးလှီး စားပွဲတင်ဇွန်း ၂ ဇွန်း
- စားတော်ပဲ စားပွဲတင်ဇွန်း ၂ ဇွန်း
- မုန်လာဥနီ ပါးပါးလှီး ခွက်တစ်ဝက်
- ကြက်သွန်နီတောက်တောက်စဉ်း စားပွဲတင်ဇွန်း ၁ ဇွန်း
- ကော်မှုန့်အနည်းငယ်
- နွားနို့ပူပူ ၂ ခွက်
- ရေ ၂ ခွက်ခွဲ
- ဆီ၊ ဆားအနည်းငယ်
- ငရုတ်ကောင်းမှုန့်အနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံးပြောင်းဖူးကို ရေဆေးလိုက်ပြီး ပြုတ်ပေးလိုက်ပါ။ ပြီးရင်တော့ ရေဆစ်ထားလိုက်ပါ။ အဲဒီနောက် Blender ထဲထည့်ပေးလိုက်ပြီး ကျိတ်ပေးလိုက်ပါ။
ပြီးရင်တော့ အိုးကိုအပူပေးပြီးဆီထည့်လိုက်ပါ။ အဲဒီနောက် နံနံပင်ထည့်လိုက်ပါ။ ပြီးရင်တော့ ပြောင်းဖူးထည့်လိုက်ပြီး ဆားနည်းနည်းထည့်လိုက်ပါ။ ပြီးရင်တော့ ငရုတ်ကောင်းမှုန့်နည်းနည်းထည့်လိုက်ပါ။ အဲဒီနောက် သေချာလေး မွှေပေးလိုက်ပါ။
ပြီးရင် စားတော်ပဲ၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ပြောင်းဖူးကော်မှုန့်ထည့်လိုက်ပြီး မွှေပေးလိုက်ပါ။
၂ မိနစ် ၃ မိနစ်လောက် မီးအပူချိန်အေးအေးလေးနဲ့ မွှေပေးနေပါ။
ရေ ၂ခွက်ခွဲ ထည့်လိုက်ပြီး၊ နွားနို့ပူပူထည့်လိုက်ပါ။ ဆူပွက်လာပြီဆိုရင်တော့ ရပြီလာဆိုတာကို တစ်ချက်မြည်းကြည့်ပါ။
အရည်လေး ပျစ်လာရင်တော့ ရပါပြီနော်။
Source: www.tasty-indian-recipes.com
By: MyFood Myanmar