အားလုံးပဲမင်္ဂလာပါနော်။ ထမင်းစားမြိန်စေပြီးတော့ အရသာရှိတဲ့ ဝက်သားအချိုချက်လေး ချက်နည်းကိုမျှဝေပေးချင်ပါတယ်နော်။
ပါဝင်ပစ္စည်း
- ဝက်သား
- ဆီ
- ဆား
- ပဲငံပြာရည်အနောက်
- သကြား
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ဂျင်းထောင်း
- အရောင်တင်မှုန့်
ပြုလုပ်နည်း
အရင်ဆုံး ဝက်သားအတုံးလေးတွေကို ဆား၊ ပဲငံပြာရည်၊ သကြားတို့နဲ့ နယ်ပေးလိုက်ပြီး နှပ်ပေးထားပါ။
ပြီးရင်တော့ ဆီကိုအပူပေးပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတို့ကိုထည့်ပြီး ဆီသတ်လိုက်ပါ။
ကြက်သွန်တွေနွမ်းလာရင် အရောင်တင်မှုန့်ထည့်ပါ။
ပြီးရင်တော့ သေချာလေးမွှေပေးလိုက်ပြီး ဝက်သားနှယ်ထားတာကို ထည့်လိုက်ပါ။
ခဏလောက်မွှေပေးပြီး ရေနည်းနည်းထည့်လိုက်ပါ။
ဝက်သားတွေနူးအိလာရင်တော့ ပူပူနွေးနွေးသုံးဆောင်လို့ရပါပြီနော်။
By: MyFood Myanmar