[Unicode]
အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ရွှေဖရုံသီးကို ချိုချိုလေး ကြော်စားလို့ရအောင် မျှဝေပေးသွားမှာဖြစ်ပါတယ်။
ချိုချိုလေးနဲ့ အရမ်းလည်းအရသာရှိတာမို့ စာဖတ်သူတို့ အကြိုက်တွေ့ကြမှာပါ။ ပိတ်ရက်မှာ မိသားစုနဲ့အတူ အစာပြေလေးလုပ်စားလို့ရတာပေါ့နော်။
ပါဝင်ပစ္စည်း
- တဆေး လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်
- ရေနွေး ခွက် ၁/၃ ပုံ
- သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
- ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- နွားနို့ ပူပူ ခွက် တစ်ဝက်
- ရွှေဖရုံသီး အစိမ်း (ကျိတ်လိုက်ပါ) ခွက်တစ်ဝက်
- ဂျုံမှုန့် ခွက်ခွဲ
- ဂျယ်လီမှုန့် ခွက် ၃/၄ ပုံ
- ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဆီ (ကြော်ရန်)
အစာဖြည့်ရန်
- သကြား ခွက် တစ်ဝက်
- သစ်ကြမ်းပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- မြေပဲဆံ (တောက်တောက်စဉ်းပါ) စားပွဲတင်ဇွန်း ၃ ဇွန်း
- Vanilla အရည် လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြုလုပ်နည်း
အရင်ဆုံး ခွက်ကို ရေနွေးထည့်လိုက်ပါ။ သကြားထည့်၊ ဆီနဲ့ တဆေးထည့်ပြီးမွှေပေးလိုက်ပါ။ ၁၀ မိနစ်ခန့်ထားပါ။
အဲဒီနောက် ဂျုံမှုန့်၊ ဂျယ်လီမှုန့်၊ ဆား တို့ထည့်လိုက်ပါ။ ပြီးရင် နွားနို့၊ ရွှေဖရုံသီး တို့ကိုထည့်လိုက်ပြီး သေချာ နယ်ပေးလိုက်ပါ။
ပြီးရင် ကျွတ်ကျွတ်အိတ်နဲ့အပေါ်က ဖုံးထားလိုက်ပြီး ၁ နာရီလောက် ထားထားပါ။
မြေပဲကိုထောင်းလိုက်ပါ။ ပြီးရင် အစာဖြည့်ဖို့ထားထားတဲ့ ပါဝင်ပစ္စည်းတွေကိုထည့်ပြီး နယ်ပေးလိုက်ပါ။
ပြီးရင်တော့ အဲဒီနယ်ထားနဲ့ စောစောကအုပ်ထားတဲ့ အစာတွေထဲကို ထည့်ပြီး အုပ်ပေးထားလိုက်ပါ။
အဲဒီနောက် ဆီပူပူနဲ့ ထည့်ကြော်ပေးလိုက်ပါ။
ဒါဆိုရပါပြီနော်။
Source: www.koreanbapsang.com
By: MyFood Myanmar
[Zawgyi]
ပါဝင်ပစ္စည်း
- ရေနွေး ခွက် ၁/၃ ပုံ
- ဂျုံမှုန့် ခွက်ခွဲ
- ဆီ (ကြော်ရန်)
အစာဖြည့်ရန်
- သကြား ခွက် တစ်ဝက်
ပြုလုပ်နည်း
ဒါဆိုရပါပြီနော်။
By: MyFood Myanmar