ဝိုင်ချစ်သူတို့ရေ ဝိုင်ဆိုတာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ ရေပြီးရင် ဒုတိယအနေနဲ့ သောက်သုံးသင့်တဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ အနောက်တိုင်းနိုင်ငံတွေမှာတော့ ဝိုင်ကို အသက်ရှည်ဆေးလို သဘောထားပြီး နှစ်နှစ်ခြိုက်ခြိုက်သောက်သုံးကြသလို ဒီ ဝိုင်ယဉ်ကျေးမှုဟာလည်း အရှေ့တိုင်းနိုင်ငံဆီကို တဖြည်းဖြည်း ကူးစက်လာနေပါပြီ။ ဝိုင်ဆိုရင် အကောင်းစား အမိုက်စားပဲ မြည်းကြည့်ချင်တယ် ဆိုတဲ့သူတွေအတွက် နေရာကောင်းလေးတစ်ခု မိတ်ဆက်ပေးချင်ပါတယ်နော်။

7
Novotel Hotel ရဲ့ ၁၄ လွှာမှာရှိတဲ့ Le Cellier Wine Bar and Restaurant ကနေ တစ်လ တစ်ခါ လကုန်ရက်ရဲ့ သောကြာနေ့ (လတစ်လရဲ့ နောက်ဆုံးပတ် သောကြာနေ့) မှာ ပြုလုပ်ပေးနေပါတယ်။ နိုင်ငံပေါင်း (၅) နိုင်ငံက ဝိုင်အရသာ (၁၄) မျိုးကို တစ်နေရာတည်းမှာ မြည်းစမ်းကြည့်လို့ရနိုင်တဲ့  အလန်းစား Le Cellier Series  Fourteen on 14th ဆိုတဲ့ အစီအစဉ်လေးပါ။

4
ဒီအစီအစဉ်မှာတော့ Le Cellier Wine Bar and Restaurant ကနေ ဝိုဖြူ၊ ဝိုင်နီ၊ ရိုစေး (Rose’) ဝိုင် စတဲ့ဝိုင်တွေပါဝင်တဲ့ ဝိုင် ၁၄ မျိုးနဲ့ လိုက်ဖက်တဲ့ အစားအစာ (၁၄) မျိုးကို ဘူဖေးစနစ်နဲ့ စားသုံးနိုင်ပါတယ်။

11
အဲဒီဆိုင်လေးကို စာရေးသူလည်း သွားရောက်ခဲ့တဲ့အတွက် ပြန်ပြီးမျှဝေပေးချင်ပါတယ်။ ဝိုင်တွေကတော့ ပြင်သစ်၊ သြစတြေးလျ၊ နယူးဇီလန်၊ အီတလီ၊ တောင်အာဖရိက စတဲ့နိုင်ငံတွေပါ။ အစားအသောက်တွေကလည်း ၁၄ မျိုးဆိုတော့ ကိုယ်သောက်မယ့် ဝိုင်နဲ့ လိုက်ဖက်တဲ့ အစားအစာကို ရွေးပြီး သုံးဆောင်လို့ရပါတယ်။

10
ဝိုင် (၁၄) မျိုးလုံးကို စိတ်ကြိုက် မြည်းကြည့်ရင်း အမိုက်စား Unplugged ရှိုးကိုလည်း ခံစားလို့ရသေးတယ်နော်။

IMG_0602

စာရေးသူ ဆိုင်ရောက်တော့ ၀ိုင်အရသာလေး သိချင်လို့ ဝိုင် (၂) မျိုး (၃) မျိုးလောက်တော့ မြည်းကြည့်ခဲ့တယ်။ ဝိုင် (၃) မျိုးလုံးကို ကြိုက်နှစ်သက်ပေမယ့် အဲဒီထဲကမှာ စာရေးသူ အရမ်းကြိုက်တဲ့ဝိုင်လေးကတော့ McFuigan Bin Series 9000 Semillion 2016 ဆိုတဲ့ သြစတြေးလျထုတ် စပျစ်ဝိုင်လေးပါ။

5
အရင်ကတော့ ဝိုင်သိပ်မကြိုက်သလို သောက်လေ့သောက်ထလည်းမရှိပေမယ့် အဲဒီဝိုင်လေးကိုတော့ တော်တော်လေးသဘောကျမိတယ်။ အနံ့လည်းကောင်းသလို အဝင်လည်းကောင်းတယ်။ ဝိုင်အခုမှ စသောက်မယ့်သူတွေ အတွက်ဆိုလည်း အဆင်ပြေတယ်။ သူ့ရဲ့အရသာလေးက အရမ်းလည်းမပြင်းဘူး။ ခါးသက်သက်ကြီးလည်းဖြစ်မနေဘူး။ အချိုရည်သောက်နေရသလိုလည်းမဟုတ်ဘူး။

သူက ပင်လယ်စာတွေနဲ့ တွဲပြီးစားရင်သင့်တော်တယ်။ ကိုယ်မသိတာရှိရင်လည်း ဆိုင်က ဝန်ထမ်းတွေကို မေးပြီး ရှင်းပြခိုင်းလို့ရတယ်။

3

meat
ဝိုင်(၁၄) မျိုးနဲ့ တွဲပြီးစားလို့ရတဲ့ အရသာမတူညီတဲ့ အစားအစာတွေလည်း (၁၄) မျိုးတောင်ရှိတာဆိုတော့ ကိုယ်စိတ်ကြိုက် ရွေးစားလို့ရတယ်လေ။ ဝိုင် အမျိုးအစား တစ်ခုချင်းဆီနဲ့ လိုက်ဖက်တဲ့ အနီရောင်အဆင်းရှိအသားတွေ၊ အဖြူရောင်အဆင်းရှိအသားတွေ၊ ၀ိုင်နဲ့လိုက်ဖက်တဲ့ အစားအစာတွေကို ပြင်ဆင်ပေးထားပါတယ်။ ဒါပေမယ့် စာရေးသူတော့ သိပ်မစားခဲ့ဘူး။ ဝိတ်တက်မှာစိုးလို့။

food
ဒါနဲ့ ဆိုင်လေးက ၁၄ လွှာမှာဆိုတော့ အပြင်ဖက်က လေတဖြူးဖြူးတိုက်နေတဲ့ ဝရန်တာလေးကနေ ရန်ကုန်မြို့ရဲ့ ညအလှကို ခံစားလို့ရတယ်။ ရွှေတိဂုံစေတီတော်မြတ်ကြီးကိုလည်း ဖူးမြင်ရတော့ စိတ်ကြည်နူးစရာကောင်းပါတယ်။

ဝိုင်ရဲ့အရသာကိုလည်း အပြည့်အဝခံစားချင်တယ်ဆိုရင် Novotel ဟိုတယ် ၁၄ လွှာမှာရှိတဲ့ Le Cellier Wine Bar and Restaurant  က တစ်လကိုတစ်ခါ လကုန်တဲ့ နောက်ဆုံးပတ်ရဲ့ သောကြာနေ့တိုင်း ဒီအစီအစဉ်လေးရှိတယ်ဆိုတာ မျှဝေလိုက်တယ်နော်။ တစ်ယောက်ကိုတော့ 35$ ကျသင့်မှာဖြစ်ပြီး အမိုက်စား ဝိုင်အရသာလေးကို ခံစားချင်တယ်ဆိုရင် Le Cellier Wine Bar and Restaurant မှာ ည ၇း၀၀ နာရီကနေ ၉း၃၀ ထိ ပြုလုပ်လေ့ရှိတဲ့ Le Cellier Series ရဲ့ Fourteen on 14th သွားကြည့်ပါလို့။