အားလုံးပဲမင်္ဂလာပါနော်။ အရသာရှိတဲ့ ကြက်ဥညှပ် ပေါင်မုန့်မီးကင် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်နော်။ ဒီတခါမှာတော့ တမျိုးလေး အရသာရှိပြီး ပြီးပြည့်စုံတဲ့ ပေါင်မုန့်မီးကင် ကြက်ဥညှပ်ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ကိုရီးယားနိုင်ငံမှာ နာမည်ကြီး လူကြိုက်များတဲ့ လမ်းဘေးအစားအစာတစ်မျိုးဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

  • ပေါင်မုန့် ၂ ချပ်
  • ကြက်ဥ ၂ လုံး
  • ဂေါ်ဖီထုပ်ကို ပါးပါးလှီးပါ အနည်းငယ်
  • မုန်လာဥနီကို ပါးပါးလှီးပါ အနည်းငယ်
  • ကြက်သွန်မြိတ်ကို ပါးပါးလှီးပါ အနည်းငယ်

  • ဆားအနည်းငယ်
  • ငရုတ်ကောင်းမုန့်အနည်းငယ်
  • ထောပတ်အနည်းငယ်
  • ဆီအနည်းငယ်
  • ခရမ်းချဉ်သီးဆော့စ်အနည်းငယ်

  • သကြားအနည်းငယ်၊ Mayonnaise အနည်းငယ်
  • ချိစ် ၁ ချပ်
  • ဝက်ပေါင်ခြောက်အနည်းငယ်
  • ကြက်သွန်နီတောက်တောက်စဉ်အနည်းငယ်
  • သခွားသီး ပါးပါးလှီး အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ကြက်ဥကို ၊ ဂေါ်ဖီ၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်တို့အားလုံးကိုရောပြီး သေချာလေး မွှေပေးလိုက်ပါ။ ပြီးရင်ဆားနည်းနည်းနဲ့ ငရုတ်ကောင်းမုန့် နည်းနည်းထည့်ပါ။

ပြီးရင်တော့ Pan အိုးကို အပူပေးလိုက်ပြီး ဆီထည့်လိုက်ကာ ကြက်ဥကို ကြော်လိုက်ပါ။

ပေါင်မုန့် နှစ်ဖက်လုံးကို ထောပတ်သုတ်လိုက်ပြီး Pan အိုးထဲထည့်ကာ ကင်ပေးလိုက်ပါ။

ပြီးရင်တော့ အပေါ်ကနေ ကြက်ဥ၊ ချိစ်၊ ဝက်ပေါင်ခြောက်၊ ခရမ်းချဉ်သီးဆော့စ်၊ Mayonnaise တို့ကိုအပေါ်ကနေ ထည့်လိုက်ပြီး ကျန်တဲ့ ပေါင်မုန့်တစ်ချပ်ကို အုပ်ပေးလိုက်ပါ။

ဒါဆို သုံးဆောင်လို့ရပါပြီနော်။

Source: www.mykoreankitchen.com

By: MyFood Myanmar