ဦးနှောက်က အာရုံကြောစနစ်ထဲမှာ အကြီးဆုံး အင်္ဂါတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ပေးပြီး စဉ်းစားတွေးခေါ်၊ မှတ်ဉာဏ်၊ စိတ်ခံစားချက် နဲ့ ဘာသာစကားစတဲ့ လုပ်ဆောင်ချက်တွေ လုပ်ပေးပါတယ်။
ဒါ့ကြောင့် ကိုယ့်ရဲ့ ဦးနှောက်က ငယ်ရွယ်နုပျိုပြီးကောင်းမွန်ဖို့ဆိုရင် ကောင်းမွန်တဲ့အစားအစာတွေ စားပေးဖို့ လိုအပ်ပါတယ်။
ဦးနှောက်အတွက် စားပေးသင့်တဲ့ အစားအစာများ
ဦးနှောက်ဆဲလ်တွေကို အားကောင်းစေဖို့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ Fatty အက်ဆစ်တွေပါတဲ့ အစားအစာတွေ စားပေးဖို့ လိုအပ်ပါတယ်။
- အသီးအခြောက်တွေနဲ့အခွံမာအသီးများ
- နေကြာစေ့
Folic အက်ဆစ်ပါဝင်ပြီး ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးပါတယ်။ ရုတ်တရပ် လေဖြတ်တာမျိုးကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
- ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းက မှတ်ဉာဏ်အတွက်ကောင်းမွန်ပြီး ပြုတ်စားရင် ပိုကောင်းပါတယ်။
- အုတ်ဂျုံ
မနက်စာအတွက် အုတ်ဂျုံကို စားပေးသင့်ပါတယ်။
- ငှက်ပျောသီးမှည့်
ငှက်ပျောသီးမှည့်မှာ ဗီတာမင် B6 ပါဝင်ပြီး ဦးနှောက် မှတ်ဉာဏ်ကို ကောင်းစေပါတယ်။
- Green Tea
ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို မချို့ယွင်းအောင် ကာကွယ်ပေးနိုင်တဲ့ Antioxidants တွေ ပါဝင်ပါတယ်။