အားလုံးပဲမင်္ဂလာပါနော်။ တူနာကိတ်ကြော်လေးကို အားလုံးပဲ နှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်။ အခုပြထားတဲ့ ပုံလေးကိုကြည့်ရင်နဲ့လည်း စားချင်စိတ်တွေဖြစ်မိမယ်လို့လည်းယုံကြည်ပါတယ်နော်။

သရေစာအဖြစ်လည်း စားသုံးနိုင်သလို၊ ထမင်းနဲ့လည်း စားသုံးနိုင်ပါတယ်။ ကိုရီးယားစတိုင်လ် တူနာငါးကိတ်လေး ဘယ်လိုလုပ်သလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

ပါဝင်ပစ္စည်း

  • တူနာငါး ၆.၅ အောင်စ
  • ကြက်ဥ ၁ လုံး
  • ကြက်သွန်မြိတ်ပါးပါးလှီးပါ (အနည်းငယ်)
  • ငရုတ်သီးအနီ အနည်းငယ်
  • ငရုတ်သီးအစိမ်း အနည်းငယ်

  • အကြော်မှုန့် (သို့) ဆန်မှုန့် လိုအပ်သလောက်
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • မှုန့်ကြွပ် အနည်းငယ်
  • ဆီ

ပြုလုပ်နည်း

အရင်ဆုံး တူနာငါးနဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို သေချာနယ်ပေးလိုက်ပါ။ ပြီးရင် အလုံးလေးတွေ လုံးပေးလိုက်ပါ။

အကြော်မှုန့်နဲ့ အရင်လူးလိုက်ပြီး မှုန့်ခြောက်နဲ့ လူးလိုက်ပါ။

အဲဒီနောက် Pan အိုးထဲကို ဆီထည့်ပြီးအပူပေးကာ တူနာငါးကို ကြော်လိုက်လို့ရပါပြီနော်။

တူနာငါးကိတ်လေးကို နှစ်သက်မယ်လို့မျှော်လင့်ပါတယ်။

ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ရေ စားပွဲတင်ဇွန်း ၁ဇွန်း၊ ရှလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ရောလိုက်ပြီး တူနာငါးကိတ်လေးနဲ့ တို့စားနိုင်ပါတယ်။

Source: www.mykoreankitchen

By: MyFood Myanmar