အစာမစားခင် နာရီဝက်အလိုမှာ ရေသောက်ရင် သင့်ကျန်းမာရေးအတွက် အရမ်းကို ကောင်းပါတယ်။
ဒါပေမယ့် ရေတစ်ခွက်မဟုတ်ဘဲ ၂ ခွက်၊ ၃ ခွက်လောက် သောက်သုံးရင် အစာခြေရခက်ခဲတတ်ပါတယ်။
ဒါ့ကြောင့် ရေအနည်းငယ်ကသာ အစာခြေစနစ်ကို အားကောင်းစေပါတယ်။
အားအင်တွေ ပိုရှိလာမယ်
- အစာမစားခင် ရေတစ်ခွက်သောက်ရင် ခန္ဓာကိုယ်က လိုအပ်တဲ့ ရေဓာတ်ကိုဖြည့်တင်းပေးရာရောက်ပါတယ်။
- ဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို ကောင်းစေပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်ကို ပေးစွမ်းနိုင်ပါတယ်။
- အဲ့ဒီအပြင် အစာခြေစနစ်ကိုလည်းအားကောင်းစေပါတယ်။
- ဦးနှောက်နဲ့ကြွက်သားတွေမှာ ရေဓာတ် ၇၅ ရာခိုင်နှုန်းပါဝင်တာကိုမမေ့သင့်ပါဘူး။ အဲ့ဒီအပြင် ကျောက်ကပ်နဲ့အသည်းတွေမှာလည်း ရေဓာတ် ၇၀ ရာခိုင်နှုန်းပါဝင်ပါတယ်။
- ဒါ့ကြောင့် ရေမဆာပေမယ့်လည်း ရေအနည်းငယ်သောက်ပေးသင့်ပါတယ်။
ကိုယ်အလေးချိန် လျော့ကျစေ
အစာမစားခင် ရေသောက်ရင် ကိုယ်အလေးချိန်လျော့ကျဖို့ အထောက်အကူပြုပါတယ်။ ကိုယ့်ရဲ့အစာအိမ်က ရေတွေနဲ့ပြည့်နေတာကြောင့် ဗိုက်အရမ်းဆာတော့မှာ မဟုတ်ပါဘူး။
ဒါ့ကြောင့် အစာစားမှုနှုန်းလည်း လျော့ကျသွားကာ ကိုယ်အလေးချိန်လျော့ကျဖို့ကူညီပေးပါတယ်။
အသားအရေက ပိုပြီး လှပလာ
အစာမစားခင်ရေသောက်ရင် ခန္ဓာကိုယ်က ဗီတာမင်၊ သတ္တုဓာတ် နဲ့အောက်စီဂျင်တွေကို စုပ်ယူပေးနိုင်ပါတယ်။