အားလုံးပဲမင်္ဂလာပါနော်။ ဘာဟင်းမှမရှိရင် ကြက်ဥရှိရင် ထမင်းစားလို့ဖြစ်တယ်ဆိုတဲ့အထဲမှာ ပါလား။ ကြက်ဥကို အရမ်းကြိုက်တဲ့သူတွေအတွက်ပဲ ဖြစ်ဖြစ် ကြက်ဥမကြိုက်တဲ့သူတွေအတွက်ပဲဖြစ်ဖြစ် လျှာလည်ပြီး ခံတွင်းမြိန်စေမယ့် ကြက်ဥမွှေကြော် ၃ မျိုးကိုမျှဝေပေးချင်ပါတယ်။

၁။ ချိစ် ကြက်ဥမွှေကြော်

ကြက်ဥကို ခလောက်လိုက်ပါ။ ပြီးရင်သင်နှစ်သက်တဲ့ ချိစ်ကိုထည့်လိုက်ပါ။ ပြီးရင်မွှေပေးလိုက်ပါ။ အဲဒီနောက် ဆား၊ ငရုပ်ကောင်းထည့်ပြီးသေချာမွှေပေးပါ။ ပြီးရင် ဆီပူပူထဲမှာ ထည့်ကြော်လိုက်ရုံပါပဲ။

၂။ အသီးအရွက်ကြက်ဥမွှေကြော်

စားချင်စရာ ကြက်ဥမွှေကြော် (၃) မျိုး

ကြက်ဥခလောက်တဲ့အခါမှာ မိမိနှစ်သက်တဲ့ အသီးအရွက်တွေ ( ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ငရုတ်သီး၊ ဆား) ကို ထည့်လိုက်ပါ။ ပြီးရင် မွှေကြော်ကြော်ပေးလိုက်ပါ။

၃။ ခရမ်းချဉ်သီး၊ ပင်စိမ်း ကြက်ဥမွှေကြော်

ကြက်ဥထဲကို ဆား၊ ခရမ်းချဉ်သီး၊ ပင်စိမ်းရွက် အနည်းငယ်၊ငရုတ်ကောင်းမှုန့် ထည့်ပြီးသေချာခလောက်လိုက်ပါ။ ပြီးရင် ဆီပူပူထဲမှာ ထည့်ကြော်လိုက်ရုံပါပဲ။

Source: www.stylecraze.com