ပဲ - Beans | အသီး - Fruits | အသုပ် - Salad

ပိန္နဲသီးနှင့် ကိုင်းခရမ်းချဉ်သီး ကြက်သွန်ဖြူသုပ်

September 16, 2016

ပိန္နဲသီးနှင့် ကိုင်းခရမ်းချဉ်သီး ကြက်သွန်ဖြူသုပ်

Share this on:

ချဉ်ငန်စပ်ဖြစ်လို့ ဘယ်အချိန်ပဲ သုပ်စားစား အဆင်ပြေပါတယ်။ သက်သတ်လွတ် စားသုံးသူများလည်း ငါးငံပြာရည် မထည့်ဘဲ သက်သတ်လွတ် သုပ်စားနိုင်တာကြောင့် အရသာရှိရှိ  ချဉ်ငန်စပ် သက်သတ်လွတ် ဟင်းတစ်ပွဲကို ရရှိမှာပါ။ လုပ်စားကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ

  • ပိန္နဲသီး – ၃ ကွင်း (အသားမှုန့်နှင့် ပြုတ်ထားပါ)
  • ကြက်သွန်ဖြူဆီချက် – စားပွဲဇွန်း ၁ ဇွန်း
  • ပဲအကျက်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နံနံပင် – ၅ ပင် (အရွက်တွေပဲခြွေယူထားပါ၊ ခပ်ကြမ်းကြမ်း လှီးထားပါ)
  • ပဲပုပ်ခြောက်စေ့ – စားပွဲဇွန်း ၃ ဇွန်း (လှော်ထားပါ၊ မညက်တညက်ထောင်းထားပါ)
  • (ခရမ်းချဉ်သီး အနှစ်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ)
  • ငရုတ်သီးစိမ်း – ၁ဝ တောင့်
  • ငံပြာရည် – စားပွဲဇွန်း ၁ ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်ဖြူ – ၅ မြွှာ (အခွံခွာပြီး ဓားပြားရိုက်ထားပါ)
  • နံနံပင်အရိုး – ၅ ရိုး
  • ကိုင်းခရမ်းချဉ်သီး – ၁ဝ လုံး

ပြုလုပ်နည်း

  1. အိုးထဲကို ခရမ်းချဉ်သီးအနှစ်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး မီးမျှင်မျှင်လေးဖြင့် ပြုတ်ထားပါ။ ခရမ်းချဉ်သီးများ နူးအိလာလျှင်ရပါပြီ။
  2. ပြုတ်ထားသော ပိန္နဲသီးကို အခွံခွာပြီး အဖတ်များကို လက်ဖြင့်အသာ အနေတော်ဖယ်ထားပါ။
  3. သုပ်ရန် ပိန္နဲသီးဖတ်နှင့် ခရမ်းချဉ်သီး အနှစ်လိုသလောက်နှင့် ခရမ်းသီး ပြုတ်ရာတွင် ပါဝင်သော ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူဖတ်များလည်း ထည့်သုပ်လို့ရပါတယ်။
  4. ကျန်ပါဝင် ပစ္စည်းများ အားလုံးထည့်ပြီး နှံ့အောင် လက်ဖြင့်နယ်ပါ။ ဆားမြည်းပါ။ လိုတာ ထပ်ဖြည့်နိုင်ပါတယ်။

မှတ်ချက် - ကိုင်းခရမ်းချဉ်သီးဖြစ်သောကြောင့် ချဉ်ပါ သည်။ ခရမ်းချဉ်သီးအနှစ်ကို လိုသလောက်ထည့်ပြီး ပိုတာကို လေလုံဖန်ဘူးလေးဖြင့် ရေခဲသေတ္တာထဲမှာ ၂ ပတ်လောက်ထားလို့ရပါတယ်။

Review

User Rating

1 (1 Votes)

author-avatar

Syi Lwin is a chef, food writer, food stylist, food developer and TV chef