အားလုံးပဲ မင်္ဂလာပါ။ အသားအရေလှပစေပြီး ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ သရေစာ စားချင်သူများအတွက် ဒီတစ်ခါမှာတော့ အသွင်လှ၊ အဆင်းလှနဲ့ အရသာလည်း ထူးကဲကောင်းမွန်လှတဲ့ U.S. အာလူးကင်နှင့် သီးစုံချိုချဉ်အသုပ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပြင်ဆင်ချိန် – ၁၅ မိနစ်

ချက်ပြုတ်ချိန် – ၁၅ မိနစ်

ကြာချိန် – ၃၀ မိနစ်

အာလူးအမျိုးအစား – အေးခဲအာလူး

ပွဲအရေအတွက် – ၃

ချက်ပြုတ်နည်း – အကင်/အသုပ်

ဟင်းပွဲ – သရေစာ/နှုတ်မြိန်စာ

ဟင်းလျာအမျိုးအစား – ဥရောပအစားအစာ

ပါဝင်ပစ္စည်းများ

  • U.S. Frozen Smiles – ၂၀၀ ဂရမ်
  • ပန်းသီးအနီ – ၁ လုံး
  • ပန်းသီးအစိမ်း – ၁ လုံး
  • စပျစ်သီး – ၁၀ လုံး
  • သလဲသီး – ၁လုံး
  • ပျားလိမ္မော်သီး – ၅ လုံး
  • သရက်သီး – ၁ လုံး
  • ပူဒီနာရွက် (အလှဆင်ရန်) – အနည်းငယ်
  • Mayonnaise (မီရိုးနစ်) – ၁၀ ဂရမ်
  • ဆား – အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

U.S. အာလူးများကို ဗန်းထဲတွင် သေချာလေးစီပြီး၊ Oven ထဲတွင် အပူချိန် ၂၀၀°C နှင့် မိနစ်၂၀ခန့်ကြာအောင် ဖုတ်ပေးပါ။

Fruit Salad ပြုလုပ်ရန်အတွက် အသီးများကို လေးထောင့်သေးသေးလေးတွေလှီးထားပါ။ ပြီးလျှင် Mayonnaise အနည်းငယ်ထည့်၊ ဆားအနည်းငယ်ထည့်ပြီး Fruit Salad ပြုလုပ်ထားပါ။ (အသီးများ – ပန်းသီး၊ စပျစ်သီး၊ သရက်သီး၊ သလဲသီး၊ ပျားလိမ္မော်သီး)

အာလူးရပြီဆိုလျှင် 2 မိနစ်လောက်အအေးခံ၊ သုပ်ထားတဲ့ Fruit Salad ကို တင်ပြီး အပေါ်မှ ပူဒီနာ၊ လိမ္မော်ဦး၊ စပျစ်သီးတို့ဖြင့် အလှဆင်ပြီး သုံးဆောင်နိုင်ပါသည်။