သွေးတိုးရှိလို့ ငပိရည်စားရမှာကို ကြောက်ပေမယ့်လည်း ထမင်းစားရင် အစပ်လေးနဲ့မှ ခံတွင်းမြိန်တယ်ဆိုသူများအတွက် ဒီဟင်းလျာချက်နည်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။ ခရမ်းချဉ်သီးကို ထည့်သွင်းပြုလုပ်ထားတဲ့အတွက် ချဉ်ချဉ်စပ်စပ်လေးဖြစ်တာကြောင့် စားရတာ အင်မတန်ကို ခံတွင်းလိုက်မှာပါ။

ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး
  • ကြက်သွန်ဖြူ၊ ကြက်သွန်နီ
  • ငြုပ်သီးစိမ်း
  • ဆား၊ ငံပြာရည်၊ သံပုရာရည်
  • နံနံပင်၊ အချိုမှုန့်

ပြုလုပ်နည်း

Source: Mother Earth News

ခရမ်းချဉ်သီး အလုံးကြီးကြီး ၄ ၊ ၅ လုံးလောက် ကိုရှုံ့တွပြီး နူးလာသည်အထိ မီးဖုတ်ပါ။ မီးဖုတ်ပြီးရင် အခွံနွှာထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ညက်အောင်ထောင်းပါ။

ညက်ရင် ခရမ်းချဉ်သီးများကိုရောပြီး အရည်နှင့်အဖတ် ပစ်ပစ်အနေထား ရသည်အထိ ထည့်ထောင်းပါ။ ဆား၊ အချိုမှုန့်၊ ငံပြာရည်ကို အရသာမြည်းပြီး ထည့်ပါ။ ခရမ်းချဉ်သီး မချဉ်လျှင် သံပုရာရည်နဲနဲ ထည့်ပါ။

နံနံပင်များကို နုတ်နုတ်စဉ်းပါ။ အစပ်ကြိုက်ရင် ငြုပ်သီးစိမ်းကို နုတ်နုတ်စဉ်းထည့်ပါ။ ထောင်းထားသော ခရမ်းချဉ်သီးများကို ပန်းကန်တလုံးထဲတွင်ထည့်ပြီး နံနံပင်၊ ငြုပ်သီးတို့ နှင့် သမအောင် မွှေပြီးရင် ပန်ထွေဖျော်ကို စားလို့ရပါပြီ။