ပန်းသီးတို့လို အသီးမျိုးဆိုရင် လှီးထားပြီး ခဏလောက် ကြာတာနဲ့ ဝါနွမ်းသွားတတ်ပါတယ်။

ဒီလို မဝါသွားအောင် သံပုရာရည်ကို သုံးလို့ရပါတယ်။

ဆားကို သုံးမယ်

ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်ကို ရေ ၁ လီတာနဲ့ နဲ့ ရောစပ်လိငက်ပါ။ အဲ့ဒီ ဆားရည်ထဲကို ၃ မိနစ်ကနေ ၅ မိနစ်ကြားလောက် စိမ်လိုက်ပါ။

သားရေကွင်းသုံးမယ်

ပန်းသီးလိုမျိုးအသီးတွေဆိုရင် လှီးပြီးရင် ပန်းသီးပုံစံအတိုင်းဘဲ သားရေကွင်းနဲ့ ပတ်ထားလိုက်ပါ။ ဒါဆိုရင် ပန်းသီး အသားတွေ လေမသလပ် ခံရတော့တာကြောင့် ဝါသွားတော့မှာမဟုတ်ပါ။

သံပုရာ

ရေ ဖန်ခွက်တစ်ခွက်ထဲကို သံပုရာသီးတစ်လုံး ညှစ်ပြီး အဲ့ဒီအရည်ကို အသီးတွေပေါ်မှာ သုတ်လိမ်းပေးရင် သို့ ခဏစိမ်ပေးရင် အသီးတွေဝါတာကို သက်သာစေပါတယ်။ ဒါပေမယ့် အသီးမှာ ချဉ်တဲ့အရသာ နည်းနည်းပါသွားတတ်ပါတယ်။