သရက်သီးအစိမ်းသုပ်


Share this on:

ပါဝင်ပစ္စည်းများ

  • သရက်သီးခြစ်ပြီးသား ၁၀သား
  • ဂေါ်ဖီခြစ်ပြီးသား ၅ကျပ်သား
  • ကြက်သွန်နီဥကြီး ၂လုံး
  • နံနံပင် သင့်ရုံ
  • ငရုတ်သီးစိမ်း ၃တောင့်
  • ငရုတ်သီးလှော်မှုန့် လက်ဖက်စားဇွန်း တစ်ဇွန်း
  • ပဲကျက်မှုန့် ထမင်းစားဇွန်း
  • မြေပဲလှော်ထောင်း ထမင်းစားဇွန်းတဇွန်း
  • ဟင်းခတ်မှုန့် လက်ဖက်စားဇွန်း တစ်ဇွန်း
  • ဆား လက်ဖက်စားဇွန်း တစ်ဇွန်
  • ငံပြာရည် ထမင်းစားဇွန်း တဇွန်း
  • ပုဇွန်ခြောက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း
  • ဆီသန့် ထမင်းစားဇွန်းသုံးဇွန်း
  • ကြက်သွန်ဖြူ

ပြုလုပ်နည်း

  1. ကြက်သွန်နီဥကြီး ၂လုံး ပါးပါးလှီးထား
  2. နံနံပင် သင့်ရုံ ငရုတ်သီးစိမ်း ၃တောင့် ရေဆေး ခပ်ကြမ်းကြမ်းလှီးထားပါ
  3. ငရုတ်သီးလှော်မှုန့် ၊ ပဲကျက်မှုန့် ၊ မြေပဲလှော်ထောင်း ၊ ဟင်းခတ်မှုန့် ၊ ဆား ၊ ငံပြာရည်၊ ပုဇွန်ခြောက်မှုန့် ၊ ဆီသန့် ကို ကြက်သွန်ဖြူ နီနဲ့ဆီချက် ချက်ထားပါ။
  4. ပါဝင် ပစ္စည်း ၁မှ၁၀ထိ အားလုံးကို သမအောင်နှယ်ပြီး အရသာ စိတ်ကြိုက်ဖြစ်ရင် သုံးဆောင်လို့ရပါပြီ။ သင်္ကြန်ထမင်းနှင့်အလွန်လိုက်ဖက်သည့် သရက်သီးအစိမ်းသုပ် ရပါပြီရှင်။
Credit: Nan Kay Zin Oo

Review

User Rating

0 (0 Votes)

author-avatar

Recipes sent by our Users