နေ့လည်ခင်း အဆာပြေလေးစားဖို့  အသုပ်စုံ လေးလုပ်စားပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • သင်္ဘောသီးစိမ်းကြီးကြီး – ၁ လုံး( အခွံခွာပြီးရေစိမ်ထားပါ)
  • ပဲကြာဇံ – ၅ ကျပ်သား
  • ဆန်ကြာဇံ – ၁၀ သား
  • ဂျုံခေါက်ဆွဲ – ၁ ထုပ်
  • ထမင်းဖြူ – အနည်းငယ်
  • အာလူး – ၃၀ သား
  • ရှမ်းပဲပုပ် – ၅ ချပ်
  • ပဲကျက်မှုန် – လိုအပ်သလို
  • ကြက်သွန်နီ – ၃ လုံး
  • ကြက်သွန်ဖြူ – ၁၀ တက်
  • ကြက်သွန်မြိတ် – အနည်းငယ်
  • မန်ကျည်းမှည့် – ၅ ကျပ်သား

ပြင်ဆင်ပြုလုပ်နည်း

  1. ရေစိမ်ထားသောသင်္ဘောသီးစိမ်းတွေကို ခြစ် ဖြင့်ခြစ်ပါ ။ ပဲကြာဇံကို ရေနွေးဖျောပြီး အအေးခံထားပါ ။
  2. ဂျုံခေါက်ဆွဲကိုလည်း ပြုတ်ပြီး ရေအေးလောင်း အအေးခံထားပါ ။ ဆန်ကြာဇံပြုတ်မယ့် ရေနွေးထဲကို နနွင်းမှုန့်လေး အနည်းငယ်ထည့်ပြုတ်ပြီး အအေးခံထားပါ ။
  3. ထမင်းဖြူလက်တစ်ဆုပ်လောက်ကို ငရုတ်ဆီအနှစ်နဲ့ လူးနယ်ထားပါ ။ အာလူးတွေကိုလည်း ပြုတ် ၊ အအေးခံ ၊ အခွံခွာပြီး ပါးပါးလေးတွေရအောင် လှီးပါ ။
  4. မန်ကျည်းသီးမှည့်တွေကိုလည်း ရေနွေးစိမ်ထားပေးပါ ။ ရှမ်းပဲပုတ်ကို မီးအေးအေးမှာကင်ပြီး အမှုန့်ထောင်းပါ ။ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ကို နနွင်းမှုန့်အနည်းငယ် ၊ အရောင်တင်တို့နဲ့ ဆီချက်ချက်ထားပါ ။
  5. ဒါတွေအဆင်သင့်ဖြစ်ပြီဆိုရင် လက်သုပ်ဖို့အတွက် ပါဝင်ပစ္စည်းများအားလုံးပြင်ဆင်ပြီး ပဲပုတ်ထောင်း ၊ ပဲကျက်မှုန့် ၊ အချိုမှုန့် ၊ ငါးငံပြာရည် ၊ ဆီချက်ရည် နှင့် မန်ကျည်းမှည့်အရည်တို့ နှင့် ရောနယ်ပြီး အပေါ်ယံ ကြက်သွန်မြိတ်လေးဖြူးပြိး ဟင်းခါးပူပူလေးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါသည် ။

လက်သုပ်စုံနဲ့ တွဲဖက်ဖို့ ရေ ၂ လီတာလောက်ကို အိုးတစ်လုံးဖြင့် အပူပေးပါ ။ ကြက်သွန်ဖြူ ၃တက် ၊ ပုစွန်ခြောက်အနည်းငယ်နှင့် ငရုတ်ကောင်းစေ့တို့ကို ထောင်းပြီး ထည့်ပါ ။ ငါးငံပြာရည် ၊ ပာင်းခတ်မှုန့် အနည်းငယ်တို့နှင့် အရသာသွင်းပါ ။ ပာင်းရည်ဆူပြီဆိုရင် ဗူးသီးတစ်စိတ်လောက်ကို ပါးပါးလှီးထည့်ပြီး မီးလျှော့ချထားပြီး သုံးဆောင်နိုင်ပါသည် ။

Credit: ဟင်းချက်နည်းများ