အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ကင်ချီဝက်သားကြော် ဟင်းလျာပဲဖြစ်ပါတယ်။ မီးဖိုချောင်ထဲမှာ အချိန်အများကြီး မကုန်ဆုံးနိုင်တဲ့ အလုပ်များသော အိမ်ရှင်မများအတွက် ၁၀ မိနစ်တည်းနဲ့ ချက်ပြုတ်ပြင်ဆင်နိုင်တဲ့ ဟင်းလျာတစ်မျိုးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဝက်သား သုံးထပ်သား ၈ အောင်စ (ပါးပါးလှီးထားပါ)
  • အလုံးကြီးသော ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ကင်ချီ ပန်းကန်လုံးနှစ်လုံးစာ
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဝက်သားများထည့်ပြီး ၁ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၂။ အဆင့်နှစ်အနေနဲ့ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ကင်ချီ၊ သကြားတို့ထည့်ပြီး ၃ မိနစ်ခန့် သမအောင် ကြော်ပေးလိုက်ပါ။

၃။ ငရုတ်သီးအနှစ်ထည့်ပြီး နောက်ထပ် တစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကင်ချီ ဝက်သားကြော်လေး ရရှိသွားပါပြီ။ ကြက်သွန်မြိတ်လေး ဖြူးထည့်ပြီးနောက်မှာတော့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Thewoksoflife.com