(Unicode)

မီးဖိုချောင်မှာ ဟင်းချက်ရတဲ့ ဒုက္ခကတော့ မသေးလှပါဘူး။ အစားအစာတွေ ကြော်လှော်ချက်ပြုတ်နေရင်းနဲ့ ဆီပူလောင် မီးပူလောင်တတ်သလို တခါတရံမှာ မိမိချက်တဲ့ဟင်းက တူးသွားတတ်ပါတယ်။

ဒီလိုဒုက္ခကနေ ကင်းဝေးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို သိထားဖို့ လိုမယ်နော်။

အသားလုံးများ ကြော်တဲ့အခါ

အသားလုံးကို အလယ်ဗဟိုတည့်တည့်မှာ ချိုင့်နေအောင် ဖိထားလိုက်ပါ။ ဒီလိုချိုင့်နေတဲ့ အသားကို ကြော်မယ်ဆိုရင် ပိုမိုအကျက်မြန်ပါတယ်။

ကိတ်မုန့်လှီးတဲ့အခါ ဓားပေါ်မှာ ကိတ်မုန့်များ မကပ်ချင်ဘူးဆိုရင်

ကိတ်မုန့်မလှီးခင်မှာ ဓားကို ရေနွေးပူဖြင့် ဆေးကြောထားလိုက်ပါ။

အသားငါး ခုတ်ထစ်လှီးဖြတ်နေချိန် (သို့) ဟင်းသီးဟင်းရွက် သစ်သီးဝလံများ လှီးဖြတ်နေချိန်မှာ မိမိကိုင်နေတဲ့ဓားက လက်ကနေ ခဏခဏ ချော်နေလို့ စိတ်ညစ်နေတယ်ဆိုရင်

ဓားရဲ့လက်ကိုင်ပေါ်မှာ သားရေကွင်းလေး ပတ်ထားလိုက်ပါ။

သံပုယိုသီးကို ချဉ် မချဉ် သိချင်တယ်ဆိုရင်

သံပုယိုသီးအခွံကို ကြည့်ကြည့်လိုက်ပါ။ သံပုယိုသီးအခွံက ပိုပါးလေ ပိုချဉ်လေပါပဲ။

ဝက်အူချောင်း၊ ကြက်အူချောင်းများကို အကျက်မြန်စေချင်တယ်ဆိုရင်

ဝက်အူချောင်း၊ ကြက်အူချောင်းများကို ဓားရာပေးပြီးမှ ကြော်လိုက်ပါ။ ဒါဆိုရင်တော့ ဝက်အူးချောင်းရဲ့ အပြင်သားသာမက အတွင်းထဲက အသားပါ အကျက်မြန်ပါတယ်။

အိမ်မှာရှိတဲ့ ကြက်ဥက လတ်ဆတ်လား မလတ်ဆတ်လားဆိုတာကို ဘယ်လိုခွဲခြားမလဲ

ကြက်ဥခွဲပြီးတာနဲ့ ကြက်ဥရဲ့ အကာကို သေသေချာချာ လေ့လာကြည့်လိုက်ပါ။ ကြက်ဥအကာက ဖောင်းဖောင်းလေးနဲ့ တင်းတင်းရင်းရင်းဖြစ်နေတယ်ဆိုရင်တော့ လတ်ဆတ်တဲ့ ကြက်ဥပါပဲ။

ကြက်ဥ တစ်လုံးပြုတ်ဖု့် အချိန် ဘယ်လေက်ကြာသလဲ

ကြက်ဥ မကျက်တကျက် ပြုတ်ချင်တယ်ဆိုရင်တော့ ၂ မိနစ်ပဲကြာပါတယ်။ ၁၀ မိနစ် ပြုတ်ရင်တော့ ကောင်းကောင်းကျက်ပါတယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို ခဲဖတ်လေးနဲ့ ပတ်ထားပေးလိုက်ပါ

ဒီလိုပတ်ထားပေးမယ်ဆိုရင် ထိုဟင်းသီးဟင်းရွက်က လတ်လတ်ဆတ်ဆတ်နဲ့ အချိန်အကြာကြီး အထားခံပါတယ်။

ပီဇာကို ပြန်နွေးစားတဲ့အခါ ခြောက်ကပ်ကပ်ကြီး မဖြစ်စေဖို့အတွက်

Oven ထဲ မထည့်ခင်မှာ ရေဖြင့် အနည်းငယ် ပက်ဖြန်းပေးလိုက်ပါ။ ဒါဆိုရင်တော့ ပူပူနွေးနွေးလေးနဲ့ အင်မတန်စားလို့ကောင်းပါတယ်။

တကယ်လို့ သင်က ကွတ်ကီးလေးကို နွားနို့ (သို့) ကော်ဖီဖြင့် တို့စားတတ်တဲ့သူဆိုရင်

ကွတ်ကီးကို ခက်ရင်းဖြင့် ထိုးပြီး နှစ်ထည့်ပေးလိုက်ပါ။ ခက်ရင်းအသုံးမပြုဘဲ လက်ချောင်းနဲ့ တိုက်ရိုက်နှစ်လိုက်မယ်ဆိုရင် လက် ပေသွားနိုင်ပါတယ်။

Source: Brightside.me

(Zawgyi)

မီးဖိုေခ်ာင္မွာ ဟင္းခ်က္ရတဲ့ ဒုကၡကေတာ့ မေသးလွပါဘူး။ အစားအစာေတြ ေၾကာ္ေလွာ္ခ်က္ျပဳတ္ေနရင္းနဲ႔ ဆီပူေလာင္ မီးပူေလာင္တတ္သလို တခါတရံမွာ မိမိခ်က္တဲ့ဟင္းက တူးသြားတတ္ပါတယ္။

ဒီလုိဒုကၡကေန ကင္းေဝးခ်င္တယ္ဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ နည္းလမ္းေလးေတြကို သိထားဖို႔ လိုမယ္ေနာ္။

အသားလံုးမ်ား ေၾကာ္တဲ့အခါ

အသားလံုးကို အလယ္ဗဟိုတည့္တည့္မွာ ခ်ိဳင့္ေနေအာင္ ဖိထားလိုက္ပါ။ ဒီလိုခ်ိဳင့္ေနတဲ့ အသားကို ေၾကာ္မယ္ဆိုရင္ ပိုမိုအက်က္ျမန္ပါတယ္။

ကိတ္မုန္႔လွီးတဲ့အခါ ဓားေပၚမွာ ကိတ္မုန္႔မ်ား မကပ္ခ်င္ဘူးဆိုရင္

ကိတ္မုန္႔မလွီးခင္မွာ ဓားကို ေရေႏြးပူျဖင့္ ေဆးေၾကာထားလိုက္ပါ။

အသားငါး ခုတ္ထစ္လွီးျဖတ္ေနခ်ိန္ (သို႔) ဟင္းသီးဟင္းရြက္ သစ္သီးဝလံမ်ား လွီးျဖတ္ေနခ်ိန္မွာ မိမိကိုင္ေနတဲ့ဓားက လက္ကေန ခဏခဏ ေခ်ာ္ေနလို႔ စိတ္ညစ္ေနတယ္ဆိုရင္

ဓားရဲ႕လက္ကိုင္ေပၚမွာ သားေရကြင္းေလး ပတ္ထားလိုက္ပါ။

သံပုယိုသီးကို ခ်ဥ္ မခ်ဥ္ သိခ်င္တယ္ဆိုရင္

သံပုယိုသီးအခြံကို ၾကည့္ၾကည့္လိုက္ပါ။ သံပုယိုသီးအခြံက ပိုပါးေလ ပိုခ်ဥ္ေလပါပဲ။

ဝက္အူေခ်ာင္း၊ ၾကက္အူေခ်ာင္းမ်ားကို အက်က္ျမန္ေစခ်င္တယ္ဆိုရင္

ဝက္အူေခ်ာင္း၊ ၾကက္အူေခ်ာင္းမ်ားကို ဓားရာေပးၿပီးမွ ေၾကာ္လိုက္ပါ။ ဒါဆိုရင္ေတာ့ ဝက္အူးေခ်ာင္းရဲ႕ အျပင္သားသာမက အတြင္းထဲက အသားပါ အက်က္ျမန္ပါတယ္။

အိမ္မွာရွိတဲ့ ၾကက္ဥက လတ္ဆတ္လား မလတ္ဆတ္လားဆိုတာကို ဘယ္လိုခြဲျခားမလဲ

ၾကက္ဥခြဲၿပီးတာနဲ႔ ၾကက္ဥရဲ႕ အကာကို ေသေသခ်ာခ်ာ ေလ့လာၾကည့္လိုက္ပါ။ ၾကက္ဥအကာက ေဖာင္းေဖာင္းေလးနဲ႔ တင္းတင္းရင္းရင္းျဖစ္ေနတယ္ဆိုရင္ေတာ့ လတ္ဆတ္တဲ့ ၾကက္ဥပါပဲ။

ၾကက္ဥ တစ္လံုးျပဳတ္ဖု္႔ အခ်ိန္ ဘယ္ေလက္ၾကာသလဲ

ၾကက္ဥ မက်က္တက်က္ ျပဳတ္ခ်င္တယ္ဆိုရင္ေတာ့ ၂ မိနစ္ပဲၾကာပါတယ္။ ၁၀ မိနစ္ ျပဳတ္ရင္ေတာ့ ေကာင္းေကာင္းက်က္ပါတယ္။

အစိမ္းေရာင္ ဟင္းသီးဟင္းရြက္မ်ားကို ခဲဖတ္ေလးနဲ႔ ပတ္ထားေပးလိုက္ပါ

ဒီလိုပတ္ထားေပးမယ္ဆိုရင္ ထိုဟင္းသီးဟင္းရြက္က လတ္လတ္ဆတ္ဆတ္နဲ႔ အခ်ိန္အၾကာႀကီး အထားခံပါတယ္။

ပီဇာကို ျပန္ေႏြးစားတဲ့အခါ ေျခာက္ကပ္ကပ္ႀကီး မျဖစ္ေစဖို႔အတြက္

Oven ထဲ မထည့္ခင္မွာ ေရျဖင့္ အနည္းငယ္ ပက္ျဖန္းေပးလိုက္ပါ။ ဒါဆိုရင္ေတာ့ ပူပူေႏြးေႏြးေလးနဲ႔ အင္မတန္စားလို႔ေကာင္းပါတယ္။

တကယ္လို႔ သင္က ကြတ္ကီးေလးကို ႏြားႏို႔ (သို႔) ေကာ္ဖီျဖင့္ တို႔စားတတ္တဲ့သူဆိုရင္

ကြတ္ကီးကို ခက္ရင္းျဖင့္ ထိုးၿပီး ႏွစ္ထည့္ေပးလိုက္ပါ။ ခက္ရင္းအသံုးမျပဳဘဲ လက္ေခ်ာင္းနဲ႔ တုိက္ရိုက္ႏွစ္လိုက္မယ္ဆိုရင္ လက္ ေပသြားႏိုင္ပါတယ္။

Source: Brightside.me