ဟင်းချက်တဲ့အခါ ဟင်းအိုးဝေကျလို့ မီးဖိုချောင်းညစ်ပတ်သွားတဲ့အခါ၊ သားငါးနဲ့ ဟင်းသီးဟင်းရွက်လှီးဖြတ်ရင်း လက်ဓားရှတဲ့အချိန်တွေ လူတိုင်းကြုံတွေ့ရမှာပါပဲ။ ဒီလိုအသေးအဖွဲလေးတွေက ဟင်းလျာပြင်ဆင်ချက်ပြုတ်ရာမှာ စိတ်အနှောင့်အယှက်ဖြစ်နေပါတယ်။

အခုဖော်ပြပေးမယ့်နည်းလမ်းလေးတွေ ဆက်ဖတ်ကြည့်လိုက်မယ်ဆို အဲ့ဒီပြဿနာလေးတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားရမလဲဆိုတာ သိသွားပါလိမ့်မယ်။

ငါးကြော်တဲ့အခါ

ငါးကြော်တဲ့အခါ အသားတုံးရဲ့ထိပ်ဖျားပိုင်းတွေကပဲ အကျက်လွန်ပြီး တူးသွားတတ်ပေမယ့် အသားများတဲ့အပိုင်းကျတော့ တော်တော်နဲ့မကျက်တတ်ပါဘူး။ အဲ့ဒါအခါ ထိပ်ဖျားပိုင်းကို ပုံမှာပြထားသလို လှီးပြီးလိပ်ပေးလိုက်ပါ။ ငါးကြော် တူးသွားမှာမဟုတ်တော့ပါဘူး။

ကြက်ဥ Half-Fried ကြော်တဲ့အခါ

စက္ကန့်ပိုင်းအတွင်း ကြက်ဥမြန်မြန်ကျက်ချင်တယ်ဆိုရင် ကြက်ဥကြော်နေတုန်းရေခဲတုံးထည့်ကြော်ပေးလိုက်ပါ။ စက္ကန့်ပိုင်းအတွင်း အမြန်ကျက်သွားပါလိမ့်မယ်။

ခရမ်းချဉ်သီးဆော့စ်

ခရမ်းချဉ်သီးဆော့စ်များကို ရေရှည်အထားခံချင်တယ်ဆိုရင် ပုလင်းထဲမှာ ထည့်မထားဘဲ ရေခဲတုံးပုံစံခွက်လေးထဲမှာ ထည့်သိမ်းထားပါ။

ကြက်ဥအနှစ်များ မလွှင့်ပစ်ရအောင် ဘယ်လိုလုပ်မလဲ။

ပေါင်မုန့်ဖုတ်တဲ့အခါပဲဖြစ်ဖြစ်၊ အချိုပွဲပြုလုပ်တဲ့အခါပဲဖြစ်ဖြစ်၊ ကြက်ဥအကာကိုပဲ သုံးပြီး ကြက်ဥအနှစ်အသုံးမပြုရဘူးဆိုရင် မလွှင့်ပစ်လိုက်ဘဲ ရေခဲတုံးထည့်တဲ့ပုံစံခွက်ထဲမှာပဲ ထည့်သိမ်းထားလိုက်ပါ။

ကြက်ဥပြုတ် အခွံခွာတဲ့အခါ

တခါတလေ ကြက်ဥပြုတ်အခွံခွာတဲ့အခါ ကြက်ဥအသားတွေ အခွံနဲ့အတူပဲ့ပါသွားတတ်ပါတယ်။ ဒါဆိုရင် ဇွန်းတစ်ချောင်းသာ အသုံးပြုလိုက်ပါ။ ကြက်ဥပြုတ်ကို အက်ရာတောက်လျှောက်ပေးပြီး ဇွန်းကို အထဲထည့်ကာ ခွာလိုက်ရုံပါပဲ။

ဟင်းအိုး ဝေမကျအောင်လို့ ဘယ်လိုလုပ်ရမလဲ။

ဟင်းရည်အိုးတည်ထားတဲ့အခါ ယောင်မကို အိုးပေါ်မှာ ကန့်လန့်တင်ထားမယ်ဆိုရင် ဟင်းရည်တွေ ဝေကျတော့မှာမဟုတ်ပါဘူး။

သစ်သီးတွေ မစားခင်မှာ ရေခဲသေတ္တာထဲမှာ ဇောက်ထိုးထားပေးပါ။

နာနတ်သီးနဲ့ အခြားချိုတဲ့သစ်သီးတွေက အောက်ခြေမှာ သကြားဓာတ်တွေ အနည်ထိုင်လေ့ရှိပါတယ်။ ဒါ့ကြောင့် သဘာဝအချိုဓာတ်ကို ရရှိချင်တယ်ဆိုရင် မစားခင်မှာ ရေခဲသေတ္တာထဲ ဇောက်ထိုးထောင်ထားပေးလိုက်ပါ။

ဟင်းသီးဟင်းရွက်တွေ လှီးဖြတ်တဲ့အခါ

လင်ဗန်းအကြီးကြီးထဲမှာ စဉ်းနီတုံးထည့်ပြီး ဟင်းသီးဟင်းရွက်များ လှီးဖြတ်ပေးလိုက်ပါ။ ဒါဆိုရင် မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ရတာ လွယ်ကူသွားပါလိမ့်မယ်။

ငှက်ပျောသီးကို လတ်လတ်ဆတ်ဆတ်နဲ့ ကြာရှည်အထားခံချင်တယ်ဆိုရင်

ငှက်ပျောသီးရဲ့ ပင်စည်ထိပ်ဖျားကို ပလပ်စတစ်အိတ်နဲ့ပတ်ထားပေးလိုက်ပါ။ ဒါဆိုရင် မြန်မြန်မမှည့်စေဘဲ ကြာရှည်အထားခံမှာဖြစ်ပါတယ်။

ငှက်ပျောသီးများ အမှည့်လွန်သွားတဲ့အခါ

ငှက်ပျောသိးများ အညိုကွက်တွေပေါ်လာပြီး အမှည့်လွန်လို့ ပျော့သွားတဲ့အခါ လွှင့်မပစ်ပါနဲ့။ ငှက်ပျောသီးမှည့်ကို အသာလေးညှစ်ပေးလိုက်ပြီး ရေခဲသေတ္တာထဲထည့် အအေးခံထားလိုက်ပါ။ အမှည့်လွန်တဲ့ငှက်ပျောသီးတွေက အရမ်းချိုတဲ့အတွက်ကြောင့် ငှက်ပျောသီးဖျော်ရည်လုပ်သောက်ရင် အင်မတန်အရသာရှိပါတယ်။

Source: Brightside.me