လှည့်ကွက်လေးတွေ၊ နည်းလမ်းကောင်းလေးတွေဆိုတာဟာ မီးဖိုချောင်ထဲမှာသာမက ဘယ်နေရာမှာမဆို အသုံးပြုတတ်ရင် အလွန်အသုံးဝင်ပါတယ်။ ဒီတခါမှာလည်း ဖော်ပြပေးချင်တာကတော့ မီးဖိုချောင်အတွင်းက အသုံးဝင်တဲ့ နည်းလမ်းကောင်းလေးတွေပဲဖြစ်ပါတယ်။ ဒီနည်းလမ်းလေးတွေကိုသာ သိမှတ်ထားမယ်ဆိုရင် ဟင်းချက်ရာမှာအလွန်အသုံးဝင်ရုံသာမက အစားအသောက်တွေ မြန်မြန်ဆန်ဆန် ပုပ်သိုးသွားရာမှလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ကြက်ဥအဝါရောင်

ကြက်ဥကို တစ်မိနစ်လောက်လှုပ်ပေးပြီး ပြုတ်လိုက်ပါ။ ကျက်သွားလို့ အခွံခွာလိုက်မယ်ဆိုရင် ရွှေရောင်ဝင်းနေတဲ့ ကြက်ဥတစ်လုံးရပါပြီ။

ရေခဲမုန့်

ဓားချွန်တစ်လက်ကို အပူအနည်းငယ်ပေးပြီး ရေခဲမုန့်ကိုလှီးမယ်ဆိုရင် ပုံစံမပျက်ဘဲ ရရှိနိုင်မှာပါ။

မုန့်ညက်ကြိတ်တလိမ့်

အိမ်မှာ ခေါက်ဆွဲ သို့မဟုတ် ပေါင်မုန့်ဖြစ်ဖြစ်လုပ်ဖို့စီစဉ်ထားပြီးကာမှ တလိမ့်တုံးကိုရှာလို့မတွေ့ဘူး၊ မရှိဘူးဖြစ်နေရင်တော့ ဝိုင်ပုလင်းကို အသုံးပြုပေးနိုင်ပါတယ်။

ပီဇာ

ပီဇာမှာစားပြီးနောက် မကုန်လို့ကျန်နေသေးတဲ့ ပီဇာတွေကို သိမ်းထားပြီး နောက်နေ့မှာ ပြန်လည်စားသုံးချင်တဲ့အခါ မိုက်ခရိုဝေ့ဖ်မရှိသူများ လက်ကိုင်တပ်ဒယ်အိုးထဲထည့်ပြီး နွေး၍စားသုံးနိုင်ပါတယ်။

ချယ်ရီခရမ်းချဉ်သီးလှီးမယ်ဆိုရင်

အရွယ်အစားသေးငယ်ပြီး လှီးရတာလကဝင်တဲ့ ချယ်ရီခရမ်းချဉ်သီးလေးတွေကို မြန်မြန်ဆန်ဆန်လှီးချင်ရင်တော့ ပန်းကန်ချပ်နှစ်ခုကြားမှ အနည်းငယ်ညှပ်ပြီး အလယ်မှနေကာ ဓားထက်ထက်နဲ့ လှီးပေးနိုင်ပါတယ်။

အသီးအရွက်တွေ ကြာရှည်ခံဖို့

တရုတ်နံနံနဲ့ ပန်းဂေါ်ဖီစိမ်းတွေ ကြာရှည်ခံဖို့အတွက် အလူမီနီယံအရွက်ထဲထည့်ပတ်ပြီး သိမ်းဆည်းမယ်ဆိုရင် အချိန်အကြာကြီး အသုံးပြုနိုင်မှာပါ။

အာလူးသိမ်းတဲ့အခါ

အာလူးတွေကို ပန်းသီးတွေနဲ့ရောယှက်ပြီး သိမ်းဆည်းထားမယ်ဆိုရင် မည်သည့်အတက်မှ ထွက်လာတော့မှာမဟုတ်ပါဘူး။

ပုံစံလှတဲ့ အချိုပွဲလေး

ပုံမှာပြထားသည့်အတိုင်း မှန်မှန်ကန်ကန်လုပ်ဆောင်သွားမယ်ဆိုရင် လှပသပ်ရပ်ပြီး အများသူငါသဘောကျမယ့် အချိုပွဲနဲ့အသီးထည့်တဲ့ခွက်လေးတစ်ခုကို ခြင်းတောင်းပုံစံလေးနဲ့ ရရှိနိုင်မှာပါ။

ထောပတ်သီး

ထောပတ်သီးတွေ အမည်းရောင်ပြောင်းမသွားစေရန်အတွက် ပန်းသီးရှာလကာရည်အနည်းငယ်ဖြန်းပေးပြီး သို့မဟုတ် ကြက်သွန်နီတစ်စိတ်နဲ့ အတူတူထားရှိပြီး သိမ်းဆည်းနိုင်ပါတယ်။

နာနတ်သီး

နာနတ်သီးတွေကို ပြောင်းပြန်လှန်ပြီး ထားရှိမယ်ဆိုရင် အမှည့်မြန်သလို အရသာလည်း ပိုချိုမှာဖြစ်ပါတယ်။

ကြက်ဥပြုတ်သည့်အခါ

အနည်းငယ်ထူသော အပ်နဲ့ကြက်ဥအခွံကိုထိုးပြီး ပြုတ်မယ်ဆိုရင် အခွံခွာသည့်အခါမှာ ပိုမိုလွယ်ကူချောမွေ့မှာဖြစ်ပါတယ်။