ခေတ်မှီတဲ့ မီးဖိုချောင်ထဲမှာ ရေခဲသေတ္တာကမရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ သားငါးများ ဟင်းသီးဟင်းရွက်များ တာရှည်အထားခံဖို့အတွက် ကူညီပေးသလို ဖျော်ရည်များ၊ အအေးများကို ရေခဲရေ၊ ရေခဲတုံးတွေနဲ့ အေးအေးလေးသောက်နိုင်အောင်လည်း ကူညီပေးပါသေးတယ်။

ဒါပေမဲ့ အအေးဓာတ်ကို ပေးစွမ်းနိုင်တဲ့ ရေခဲသေတ္တာရဲ့ အကူအညီမလိုအပ်တဲ့ အစားအစာအချိုကလည်း ရှိပါတယ်။ ထိုအစားအစာတွေကတော့…

ခရမ်းချဉ်သီးဆော့စ်

ခရမ်းချဉ်သီးဆော့စ်ကတော့ နိုင်ငံနှင့်အဝှမ်း ကျော်ကြားနေတဲ့ အချဉ်ဆော့စ် တစ်မျိုးပဲဖြစ်ပါတယ်။ အာလူးကြော်များ၊ ကြက်သားကြော်၊ အသားကင် စတဲ့ အစားအစာများ စားသုံးတဲ့အခါ ခရမ်းချဉ်သီးဆော့စ်ပါမှာ အရသာက ပြီးပြည့်စုံသွားတာပါ။

ခရမ်းချဉ်သီးဆော့စ်ကို သိမ်းဆည်းထားဖို့ အကောင်းဆုံးနေရာကတော့ ကြောင်အိမ်ပဲဖြစ်ပါတယ်။ တချို့လူတွေက ထိုဆော့စ်ကို ရေခဲသေတ္တာထဲမှာ အဖုံးဖွင့်လျက်သားလေး ထားတတ်ကြပါတယ်။ ဘက်တီးရီးယားများ ဝင်ရောက်ခိုအောင်းနိုင်တဲ့အတွက်ကြောင့် ထိုကဲ့သို့ သိမ်းဆည်းထားခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

မြေပဲထောပတ်

မြေပဲထောပတ်ဆိုတာက ပေါင်မုန့်နဲ့ သုတ်စားရတဲ့အစားအစာပဲဖြစ်ပါတယ်။ သူ့ကို ရေခဲသေတ္တာထဲမှာ ထည့်ထားမယ်ဆိုရင် သုတ်လို့မရတော့ဘဲ ကျောက်ခဲလို မာကျောသွားပါလိမ့်မယ်။ ဒီမြေပဲထောပတ်ကိုလည်း ကြောင်အိမ်ထဲမှာပဲ ထည့်သိမ်းထားရပါမယ်။

စတော်ဘယ်ရီယိုများ၊ ဂျယ်လီများ

ဒီယိုဘူးတွေထဲမှာက လုံလောက်တဲ့အစိုဓာတ်ရရှိပြီးသားဖြစ်ပါတယ်။ ရေခဲသေတ္တာက လွဲရင် သင် ကြိုက်တဲ့နေရာမှာ သိမ်းဆည်းထားနိုင်ပါတယ်။

BBQ ဆော့စ်

BBQ ဆော့စ်ရဲ့ ပါဝင်ပစ္စည်းတွေကတော့ ခရမ်းချဉ်သီးဆော့စ်နဲ့ အတူတူပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ကိုလည်း ရေခဲသေတ္တာထဲမှာ မထည့်ထားသင့်ပါဘူး။

ထောပတ်

ထောပတ်ကို လုံခြုံအောင် ပိတ်ထားပြီး ကြောင်အိမ် (သို့) သင် ကြိုက်နှစ်သက်ရာတစ်နေရာရာမှာ သိမ်းထားနိုင်ပါတယ်။

အာလူး

အာလူးကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားလိုက်မယ်ဆိုရင် အာလူးရဲ့ ကစီဓာတ်က သကြားဓာတ်အဖြစ်ပြောင်းလဲသွားပြီး ဟင်းလျာချက်ပြုတ်စားသုံးတဲ့အခါ သူ့ရဲ့ အရသာရော အာဟာရဓာတ်တွေပါ ပြောင်းလဲသွားတတ်ပါတယ်။

အာလူးများကို ခြင်းတောင်း (သို့) စက္ကူအိတ်ထဲ ထည့်ထားပြီး အလင်းရောင်မရရှိတဲ့နေရာမှာ ထားပေးပါ။ ဒါ့အပြင် ကြက်သွန်နီများနဲ့လည်း ရောမထားသင့်ပါဘူး။

ပျားရည်

ပျားရည်ကလည်း ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားစရာမလိုတဲ့ သဘာဝအစားအစာတစ်မျိုးပဲဖြစ်ပါတယ်။

ဆီ

ပေါင်မုန့်နှင့် မုန့်ဖုတ်အစားအစာများ

ခရမ်းချဉ်သီးများ

ချောကလက်

ကြက်သွန်နီ

ကြက်သွန်ဖြူ

စတဲ့ အစားအစာတွေကိုလည်း ရေခဲသေတ္တာထဲ ထည့်သိမ်းထားစရာမလိုအပ်ပါဘူး။ မလိုတဲ့အစားအစာတွေကို သင့် ရေခဲသေတ္တာထဲ မထည့်ထားဘူးဆိုရင် သင့် ရေခဲသေတ္တာက ရှုပ်ပွနေမှာမဟုတ်တော့ဘဲ သပ်သပ်ရပ်ရပ်လေးနဲ့ ကြည့်ကောင်းနေမှာပဲဖြစ်ပါတယ်။

Source: Thespruceeats.com