အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အိမ်မှာ ဝယ်ထားပြီးသား အသင့်စားခေါက်ဆွဲထုပ်ကို ထောပတ်အရသာ၊ ဝက်သားအရသာတွေ ရောထားပြီး အရသာရှိအောင် ဘယ်လိုပြုတ်စားနိုင်မလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ဥ ၁ လုံး (ပြုတ်ထားပါ)
- ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူ ၁ မြွှာ (နုပ်နုပ်စဉ်းထားပါ)
- အုန်းနို့ ၂၅၀ မီလီလီတာ
- ကြက်ပြုတ်ရည် ၂၅၀ မီလီလီတာ
- အသင့်စား ခေါက်ဆွဲ တစ်ထုပ်
- မုန်ညှင်းရွက်
- ဝက်သားပြား ၃ ပြား
- ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီး ထောပတ်ထည့်ပါ။ ထောပတ်အရည်ပျော်သွားပါက ကြက်သွန်ဖြူထည့်ပြီး ၁ မိနစ်ခန့် မွှေပေးလိုက်ပါ။
၂။ ထို့နောက် အုန်းနို့ထည့်ပြီး အလယ်အလတ်မီးအပူချိန်ဖြင့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။
၃။ ဆူပွက်လာပါက ကြက်ပြုတ်ရည်ထည့်ပြီး ဆူပွက်လာအောင် ထပ်တည်ပေးလိုက်ပါ။
၄။ ခေါက်ဆွဲပြုတ်၊ မုန်ညှင်းရွက်၊ ဝက်သားပြားတို့ထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် တည်ပေးလိုက်ပါ။ ခေါက်ဆွဲက နူးအိသွားပြီဆိုရင်တော့ ပန်းကန်လုံးထဲထည့်ပါ။
၅။ ထို့နောက် ကြက်ဥပြုတ်ကို အခွံခွာပြီး ခေါက်ဆွဲပေါ်တင် တင်ထားလိုက်ပါ။ ပြီးရင်တော့ ငရုတ်သီးမှုန့်အနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ် ဖြူးပြီးနောက် ကြက်သွန်မြိတ်ထည့်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။
Source: Omnivorescookbook.com